ပေါင်မြို့နယ်တွင် သီးနှံဖျက်ခရုများလာ၍ စုပေါင်းနှိမ်နှင်းလျှက်ရှိ

.

ပေါင်၊ ဇူလိုင်၊ ၃၀ ။          ။ ​မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအတွင် ယခုနှစ်မိုးရာသီတွင် သီးနှံဖျက်ခရုများလာ၍ ဒေသ အခေါ်အဝေါ် (ရွှေခရု)များ ဖျက်ဆီးစားသောက်ခံရနေသဖြင့်   တောင်သူများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း နှိမ်နင်းလျှက်ရှိကြောင်း ဒေသခံလယ်သမားများထံက သိရသည်။

ပေါင်မြို့နယ်အတွင်းရှိ ခရုဝင်ရောက်မှု (၁၀)နှစ်ခန့်ရှိပြီးဖြစ်သော်လည်း၊ လွန်ခဲ့သည့် ၂၀၀၈ခုနှစ် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့စဉ် ရေများနှင့်လိုက်ပါလာ၍ ပေါင်မြို့နယ်အတွင်းသို့ စပါးဖျက်ခရု ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ယခုကျေးရွာများရှိ စပါးပျိုးပင်များကို ဖျက်ဆီးစားသောက်ခဲ့ကြသဖြင့် လယ်သမားများမှာ နှစ်စဉ်မျိုးစပါးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း   ဒေသခံများ၏   ပြောကြားချက်အရ သိရသည်။

ရွှေခရုများသည် ဘဟက်ဖြင့် အသက်ရှင်နိုင်သလို အဆုပ်ဖြင့်လည်း အသက်ရှင်နိုင်ကြောင်း၊ ၎င်းခရုများ အား ကောက်ယူကာ နင်းချေ ၊ ထုချေဖျက်ဆီးပြီး မြေမြှပ်မှသာ သေဆုံးနိုင်မည်ဖြစ်ပြီး   ချောင်း၊ မြောင်းများတွင် ပြန်လွှတ်မည်ဆိုပါက သေဆုံးနိုင်မည် မဟုတ်ကြောင်း ခရိုင် စိုက်ပျိုးရေးဌာနမှ သိရသည်။

သဲကုန်းကျေးရွာဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်အေးက " ကျွန်တော်လယ်စိုက်လာတာ နှစ်(၂၀) ကျော်ပြီ။ မနှစ်ကနည်းနည်းပဲ ဖြစ်တယ်။ ဒီနှစ်မှ ပိုဆိုးလာတာပါ။ ဒီစပါးက ဒုတိယအကြိမ် ပြန်စိုက်ထားတာပါ။ ပထမ အကြိမ်စိုက်တဲ့စပါးက ခရုတွေ ကိုက်ဖျက်လို့ကုန်ပြီ။ ခရုကောက်ဖို့အတွက် တစ်အိတ်၂၀၀၀ နှုန်းပေးပြီး ကောက်တာတောင် မကောက်နိုင်ကြတော့လို့ စိုက်ပျိုးရေးဌာနကိုအကြောင်းကြားတော့ သူတို့တွေစုပြီး လာကောက်ပေးကြတာပါ" ဟု ပြောသည်။

ဥများကိုဖျက်စီးရာတွင် တစ်ဧက ပိသာ ၁၅၀ သို့မဟုတ် (၉)ပိသာဝင် ထုံး (၁၆)အိတ်ကို သတ်မှတ်သော နှုန်းထားပြည့်အောင် ဖျန်းမှသာလျှင် ၎င်းရွှေခရုများကို နှိမ်နှင်းနိုင်မှာဖြစ်ပြီး ရွှေခရုများ၏ သက်တမ်းမှာ (၆)နှစ်မှ (၁၀)နှစ်အထိရှိ နေခြင်းကြောင့် စုပေါင်းကောက်ယူသည့်နည်းဖြင့်နှိမ်နင်းမှသာ ထိရောက်မှုရှိနိုင်သည်ဟု သထုံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံး မှ သိရသည်

စပါးခင်းများအတွင်း ဝင်ရောက်ဖျက်ဆီးနေသည့် ခရုများအား စုပေါင်း၍ရွှေခရုနှိမ်နင်းပွဲကို သထုံခရိုင်၌ ဇူလိုင်လအတွင်း ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်ပြုလုပ်ခဲ့ပြီး သထုံမြို့နယ်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။