ထိုင်ဝမ်သို့ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်၊ လူသေပျောက်မှုများရှိ

ထိုင်ဝမ်သို့ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်၊ လူသေပျောက်မှုများရှိ

ထိုင်ဝမ်တွင် အားပြင်းတိုင်ဖုန်းမုန်တိုင်း ဆော်ဒီလာဝင်ရောက်တိုက်ခိုက်ရာ လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နေပြီး လူအနည်းဆုံး လေးဦးသေဆုံးသွားပြီဖြစ်သည်။

အဆိုပါ အားပြင်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၄၂ မိုင်နှုန်းဖြင့် တိုက်ခတ်ခြင်းဖြစ်ပြီး အရှေ့ပိုင်းကမ်းခြေတွင် သြဂုတ် ၈ ရက်အစောပိုင်းက မြေပြိုမှုများဖြစ်ပေါ်ပြီး လက်ရှိတွင်လည်း ကျွန်းတစ်ခွင် တိုက်ခတ်နေဆဲဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များပြိုလဲကာ ဆိုင်းဘုတ်များလွင့်ကုန်သည်။ အနည်းဆုံးကျေးရွာတစ်ရွာတွင်လည်း မြေပြိုမှုလည်း ဖြစ်ခဲ့ရသည်။

လျှပ်စစ်မီးများပြတ်တောက်နေသည်မှာ အိမ်ပေါင်း နှစ်သန်းနီးပါးပင်ရှိသည်။

ရထားလမ်းများနှင့် လေကြောင်းလိုင်းများလည်း ပယ်ဖျက်ခဲ့ရသကဲ့သို့ ကျောင်းနှင့် ရုံးများပါ ပိတ်ထားရသည်။

ထိုင်ဝမ်မိုးလေဝသဌာနက မုန်တိုင်းက အနောက်မြောက်ဖက်ဦးတည်ရွေ့လျားနေပြီး အားပျော့နေပြီဖြစ်ကြောင်း ကြေညာသည်။

သေဆုံးသူများတွင် ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ ပင်လယ်ထဲမျောပါ သေဆုံးခြင်းဖြစ်သည်။

"ကျွန်တော်အသက် ၆၀ အတွင်း ခုလို အားပြင်းတဲ့မုန်တိုင်းမျိုး တစ်ခါမှ မကြုံမတွေ့ဖူးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required