ထိုင်းနိုင်ငံ ခြေစမ်းခရီးစဉ် နောက်ဆုံးပွဲတွင် Victory City FC ကို မြန်မာဖူဆယ်အသင်း ဂိုးပြတ်အနိုင်ရ

ထိုင်းနိုင်ငံ ခြေစမ်းခရီးစဉ် နောက်ဆုံးပွဲတွင် Victory City FC ကို မြန်မာဖူဆယ်အသင်း ဂိုးပြတ်အနိုင်ရ

(၂၉) ကြိမ်မြောက် အရှ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုများပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ ဇူလိုင်လ (၃၀) ရက်တွင် ထိုင်းနိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံးခြေစမ်းပွဲအဖြစ် Victory City FC နှင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာအသင်းအတွက် ဂိုးများကို ရဲလင်းထွန်း၊ ‌အောင်ဇင်ဦး၊ ပြည့်ဖြိုးမောင်(၂)၊ စိုင်းပြုံးအောင်၊ အောင်အောင်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းဟာ မူလက ထိုင်းလက်ရွေးစင်အသင်းနှင့် ဒုတိယခြေစမ်းပွဲကစားရန် စီစဉ်ထားသော်လည်း အချိန်အခက်အခဲကြောင့် Victory City FC နှင့်သာ ကစားခဲ့ရတာဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ (၅) ပွဲ ကစားခဲ့ရာ (၁) ပွဲနိုင် (၄) ပွဲ ရှုံးရလဒ် ရရှိခဲ့ပါတယ်။  မြန်မာအသင်းဟာ ဇူလိုင်လ (၃၀) ရက်ည (၈:၂၀) နာရီအချိန်မှာ UB 018 လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

Source & Photo: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required