ဟနွိုင်းတွင် ကိတ်မုန့်စက်ရုံမီးလောင်ရာ လူ ရှစ်ဦးသေဆုံး

ဟနွိုင်းတွင် ကိတ်မုန့်စက်ရုံမီးလောင်ရာ လူ ရှစ်ဦးသေဆုံး

ဟနွိုင်း၊ ဇူလိုင် ၂၉ ။              ။ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း ဆင်ခြေဖုံးရပ်ရှိ ကိတ်မုန့်စက်ရုံတွင် မီးလောင်မှုဖြစ်ရာ လူရှစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မီးလောင်ခြင်းဖြစ်ပြီး စက်ရုံထဲ အလုပ်သမားများ ပိတ်မိနေခဲ့သည်။

"ခုထိ လူရှစ်ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူနှစ်ဦးကိုတော့ ဆေးရုံပို့ထားတယ်။"ဟု ဒေသကွန်မြူနစ်ကော်မတီအကြီးအကဲ ငုယင်ဟုအန်က အေအက်ဖ်ပီသို့ ပြောသည်။

"နေ့လယ် ၁၂ နာရီလောက်မှ မီးကို ငြိမ်းနိုင်တာဖြစ်ပါတယ်။"ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

မီးလောင်တူးခြစ်သွားသည့် သွပ်ခေါင်မိုးက မီးတောက်ဝါးမြိုခံရသည့် အဆောက်အအုံတွင်း ပြိုကျနေပုံကို နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

မီးလောင်ချိန်တွင် စက်ရုံတွင်းအလုပ်သမား ၂၀ ခန့် ရှိနေခဲ့သည်ဟု မျက်မြင်များက ဆိုသည်။ မီးလောင်သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required