တရုတ် ဖုကျန်းပြည်နယ်သို့ တိုင်ဖုန်းမုန်တိုင်း ဝင်မည်ဖြစ်၍ လူထောင်ပေါင်းများစွာအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထား

တရုတ် ဖုကျန်းပြည်နယ်သို့ တိုင်ဖုန်းမုန်တိုင်း ဝင်မည်ဖြစ်၍ လူထောင်ပေါင်းများစွာအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထား

ပေကျင်း၊ ဇူလိုင် ၂၉ ။      ။ တရုတ်နိုင်ငံ ဖုကျန်းပြည်နယ်သို့ တိုင်ဖုန်းမုန်တိုင်း နီဆက် ဝင်ရောက်မည်ဖြစ်သောကြောင့် ဇူလိုင် ၂၉ ရက်တွင် လူ ၃၁၀၀ ကျော်ထက်မနည်းကို   ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

နီဆက်မုန်တိုင်းသည် ဟွာလင်းစီရင်စုများနှင့် ထိုင်ဝမ်ရှိ တိုင်ထန်းစီရင်စုအရပ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ထိုင်ဝမ် ဗဟိုမိုးလေဝသဗျူရိုက ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၈ ရက်တွင် နီဆက်မုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဖြစ်မှ တိုင်ဖုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၂၀ အရှိန်နှုန်းဖြင့် တရုတ်ပြည်မကြီးသို့ ဦးတည်လျက်ရှိသည်ဟု ယင်းဗျူရိုက ဆိုသည်။

ဖုကျန်းပြည်နယ်သို့ ချဉ်းကပ်ချိန်တွင် လေတိုက်နှုန်း ကျလာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ တိုင်ပေနှင့် ဟွာလင်းအရှေ့ပိုင်း မြို့များကြား ပျံသန်းသည့် လေယဉ်ခရီးစဉ်များကိုလည်း ပယ်ဖျက်ထားရသည်။

မုန်တိုင်းဒဏ် အဆိုးဆုံးကြံုနိုင်ဖွယ်ရှိသော အရှေ့မြောက်ဒေသတွင် ရွှေ့ပြောင်းနေရာချထားပေးရန်နှင့် ရေကြီးမှုများအတွက် ပြင်ဆင်ထားရန် စစ်တပ် တပ်ဖွဲ့များ ဖြန့်ကြက်ထားသည်။

ဟွာလင်းနှင့် တိုင်ထန်းစီရင်စုအပြင် ယိလန်စီရင်စုတွင်းက ကျောင်းများနှင့် ရုံးဌာနများကိုပါ ပိတ်ထားရပြီး ပြည်သူများအနေဖြင့် အိမ်တွင်းမှာပင် နေကြရန် အာဏာပိုင်များက အကြံပြုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly