အခြေခံပညာကျောင်းများတွင် ဆရာ၊ဆရာမများ အဖြစ်ခန့်ထားရန် ပညာရေးဘွဲ့ရများက တောင်းဆို

အခြေခံပညာကျောင်းများတွင် ဆရာ၊ဆရာမများ အဖြစ်ခန့်ထားရန် ပညာရေးဘွဲ့ရများက တောင်းဆို

ဇူလိုင် ၂၉ ။                ။ ၂၀၁၆_၂၀၁၇ ခုနှစ်တွင် ဆရာဖြစ်ပညာရေးတက္ကသိုလ်များနှင်ဆရာဖြစ််ပညာရေးကောလိပ်များက ဘွဲရများသည် အခြေခံပညာကျောင်းတွေမှာ ဆရာ၊ဆရာမများအဖြစ် အလုပ်ခန့်ထားရန်အတွက်် ပညာရေးဝန်ကြီးဌာနနှင့် အစိုးရကို တောင်းဆိုလိုက်သည်။

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ နှစ်ထဲတွင် ပညာရေးတက္ကသိုလ်တွေက ဘွဲ့ရရှိခဲ့ပြီးသူ အယောက် ရ၀၀၀ ကျော်ရှိပြီး ဆရာအတတ်သင်လက်မှတ် ရရှိထားသည့် မည်သည့်တစ်ယောက်ကိုမျှ ဆရာ၊ဆရာမအဖြစ် ပညာရေးဝန်ကြီးဌာနက ခန့်အပ်ထားခြင်းမရှိသေးကြောင်း သိရသည်။  

"လျစ်လျူရှူ့ခံထားရတယ်။ ပညာတတ်တွေကို တန်ဖိုးမထားဘူးလို့ ကျွန်တေ်ာစိတ်ထဲမှာ ခံစားရပါတယ်" ဟု ၂၀၁၆_၂၀၁၇ ခုနှစ်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ BED ဘွဲ့ရခဲ့သော ကိုကောင်းကြွယ်က ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေးတက္ကသိုလ်၂ ခုနှင့် ပညာရေးကောလိပ်၂၄ ခုရှိပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်အပါတ်စဉ်(၁၂)ဆင်း ကျောင်းသား ကိုယ်စားလှယ်များက အစိုးကို တောင်းဆိုသည့် သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကို ဇူလိုင်လ (၂၁)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အပေါ်မှာ အစိုးရအနေဖြင့် မည်သည့်တုန့်ပြန်မှုမျိုးမှမရှိသေးသည့်အတွက် "ကျွန်တေ်ာတို့အခု တောင်းဆိုချက်၃ရပ်ကို ၀န်ကြီးဌာနတွေကိုလည်း စာတင်ပြီးသွားပြီ၊ သက်ဆိုင်ရာဌာနတွေကိုလည်း စာတင်ပြီးပါပြီ။အခုချိန်ထိတုန့်ပြန်မှုတစ်စုံတစ်ရာမရှိ်သေးပါဘူး။တုန့်ပြန်မှုတစ်စုံတစ်ရာမရှိသေးတဲ့အခါကျတော့ ဆက်လက်ပြီးတော့ တောင်းဆိုသွားမယ်။" ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုစိုးသူရကျော်က ပြောသည်။

"ဘယ်လိုမူဘောင်တွေနဲ့ခန့်ထားမှာလဲ၊ဆရာအတက်သင်ပညာသင်တန်းအတွက် လက်မှတ်ရထားပြီးသား သူတွေကို ဘယ်လိုမူဘောင်တွေနဲ့ ခန့်ထားမှာလဲ၊၅နှစ်ကြီးတောင်ရင်းနှီးပြီးတော့ ပညာရေးတက္ကသိုလ်ကြီးမှာ တက်ထားရတာလေ၊၅နှစ်ပြီးသွားတော့ မျှော်လင့်ချက်အိမ်မက်တွေပျောက်ဆုံးသလိုပဲအကုန်လုံးက ခံစားရတယ်၊ဘယ်လိုမူဘောင်တွေနဲ့ခန့်ထားမှာလဲ တိတိကျကျချပြပေးပါ။ သူတို့ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေ ငွေတွေ ကျိုးစားအားထုတ်မှုတွေအတွက် ကိုယ်ချင်းစားနာစိတ်လေးနဲ့ ဖြစ်ဖြစ်ပေ့ါ အထက်ကနေ လုပ်ငန်းကို တိတိကျကျသေသေချာချာ   ဆောက်ရွက်ပေးကျဖို့   တောင်းဆိုချင်ပါတယ်"ဟု မဟာပညာရေး ဒုတိယနှစ်တက်သော  မသက်ဆုလှိုင်က ပြောသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်များတွင် ဖဲကြိုးအစိမ်းများတပ်ဆင်ပြီး ကျောင်းသား၊ကျောင်းသူများက ဖဲကြိုးစိမ်းလှုပ်ရှားမှု(Campaign)တွေကိုလည်း ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာဖြစ် ပညာရေးဘွဲ့ရများကို  ဆရာ၊ဆရာမ များအနေဖြင့် ခန့်အပ်ထားခြင်း မရှိပါက  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမည်ဟု ယနေ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required