အာဖဂန်နစ္စတန် ကဘူးလ်မြို့တွင် တစ်ရက်တည်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၃၅ ဦးသေဆုံးကာ ရာနှင့်ချီဒဏ်ရာရ

အာဖဂန်နစ္စတန် ကဘူးလ်မြို့တွင် တစ်ရက်တည်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၃၅ ဦးသေဆုံးကာ ရာနှင့်ချီဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် ၂၄ နာရီအတွင်း သီးခြားဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားရာတွင် သေဆုံးသူပေါင်း ၃၅ ဦးရှိပြီး ဒဏ်ရာရသူ ရာနှင့်ချီခဲ့သည်။

ရဲသင်တန်းကျောင်းတစ်ခုအနီးတွင် သြဂုတ် ၇ ရက် ညနေပိုင်းက အသေခံဗုံးခွဲသမားဖောက်ခွဲရာတွင် အနည်းဆုံးရဲသားသစ် ၂၀ သေဆုံးခဲ့သည်။

ယင်းပေါက်ကွဲမှုနှင့် အချိန်အနည်းငယ်ပဲ အကွာတွင် လေဆိပ်မြောက်ပိုင်းမှ ပေါက်ကွဲမှုတစ်ရပ်ကိုလည်း ကြားလိုက်ရသည်။

သြဂုတ် ၇ ရက်အစောပိုင်းတွင် ထရပ်ကားတစ်စီးဖြင့် ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်ကာ စစ်အခြေစိုက်စခန်းတစ်ခုအား ဗုံးဖောက်ခွဲခံရသည်။ ယင်းပေါက်ကွဲမှုအတွင်း လူပေါင်း အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး တာလီဘန်တို့က ရဲသင်တန်းကျောင်းဖောက်ခွဲမှုကိုသာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။

ခေါင်းဆောင်ပိုင်းအပြောင်းအလဲများဖြစ်နေသည်ကို အာရုံလွှဲပြောင်းရန်ရည်ရွယ်ချက်ဖြင့် တာလီဘန်တို့လုပ်ဆောင်မှုများဖြစ်ကြောင်း သမ္မတဂန္ဒီက ပြောသည်။

သြဂုတ် ၇ ရက်သောကြာနေ့ညနေပိုင်းက အသေခံဗုံးဖောက်ခွဲမှုကို အသေခံဗုံးခွဲသမားက ရဲယူနီဖောင်းဝတ်ကာ သင်တန်းကျောင်းဂိတ်ဝတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြော သည်။     

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required