မိုးညှင်းမြို့နယ်တွင် လေးတန်းကျောင်းသူအား အဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် လေးတန်းကျောင်းသူအား အဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိ

မိုးညှင်း၊ ဇူလိုင် ၂၉ ။              ။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အင်းတော်ကြီးဒေသတွင် အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူအား  ၃ ရက် ခေါ်ဆောင်သွားပြီး ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သူအား ဇူလိုင် ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။

ဖြစ်ပွားပုံမှာ တရားလိုသည် ဇူလိုင် ၂၄ နေ့နေအိမ်တွင်ရှိနေစဉ် ညီမအရင်းဖြစ်သူက ၎င်း၏သမီး( မ ..)သည် ကျောင်းသို့သွားရာမှ နေ့လည်ကျောင်းဆင်းချိန် ၁၂နာရီ ထမင်းစားပြန်မလာဘဲ ပျောက်ဆုံးနေသည်ကို သိရကြောင်း လာရောက်ပြောသဖြင့် ကျေးရွာအတွင်း လိုက်လံရှာဖွေရာ မတွေ့ရှိဘဲ ထိုနေ့မနက် ၈ နာရီ အချိန်ခန့်က နန့်မွန်းကျေးရွာမှအိုင်လေးတူရှိ ဦးမောင်သာ၏ နေအိမ်တွင် လယ်အငှားလာရောက်လုပ်ကိုင်သူ မြင့်သိန်း ခေါ် မဂမ် က ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက် ကျောင်းဆရာနှစ်ဦးနှင့်အတူ ရွာသားများ နယ်မြေခံတပ် ရဲတို့ဖြင့်လိုက်လံရှာဖွေစုံစမ်းရာ ဇူလိုင် ၂၆ ရက်နေ့မနက်ပိုင်းတွင် မိုင်းနောင်ကျေးရွာအနောက်ဖက်   ကျောက်သင်ပုန်းမှော်ဟောင်းတွင်   ရောက်ရှိနေ ကြောင်း သတင်းကြားသိရသဖြင့်သွားရောက်ရှာဖွေရာ ဇူလိုင်လ၂၇ ရက်၊ မနက် ဆယ်နာရီခွဲခန့်တွင် ကျောက်သင်ပုန်းမှော်ဟောင်းစျေးတန်း၌ မြင့်သိန်းနှင့်အတူ မိန်းကလေးငယ်အား တွေ့ရသဖြင့် ဝိုင်းဝန်းဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဒေါ်ဖြစ်သူက မိန်းကလေးငယ်အား အားမေးမြန်းရာ မြင့်သိန်းမှ ဇူလိုင် ၂၄၊ ၂၅ ၊ ၂၆ ညများတွင်တစ်ကြိမ်စီ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။

လုံးတုံရဲစခန်းမှ (ပ) ၃၄/၂၀၁၇ရာဇသတ်ကြီး ပုဒ်မ ၃၇၆အရ မြင့်သိန်း ၂၈ နှစ် နန့်မွန်းကျေးရွာနေသူ အား အမှုစစ် ရဲအုပ်ဗျက်ဆန်းက အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

“ သက်ငယ်မုဒိမ်းတွေ မဖြစ်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ကျောင်းတွေလိုက်ပြီး ဟောပြောနေပါတယ်” ဟု အမှုစစ် ရဲအုပ်ဗျက်ဆန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly