မြန်မာနိုင်ငံရေကြီးမှုတွင် သေဆုံးသူ ၈၀ ကျော်

မြန်မာနိုင်ငံရေကြီးမှုတွင် သေဆုံးသူ ၈၀ ကျော်

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့်ရေကြီးမှုဘေး အတွင်းသေဆုံး သူပေါင်းမှာ ၈၈ ဦးအထိရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ နိုင်ငံ၏ မဖွံ့ဖြိုးသည့် ဒေသအချို့ မြေနိမ့်ပိုင်းများတွင် အိမ်ခြေရာခြေများစွာ ရေဖုံးလွှမ်းခဲ့သည်။

မိုးသည်းထန်းပြီး ရေကြီးမှုများ၏ သဘာဝဘေးဒဏ် ကြုံတွေ့နေသူ ပြည်သူပေါင်း ၃၃၀,၀၀၀ ကျော်ထက် မနည်း ရှိနေပြီဖြစ်သည်။ လမ်းများ ရေလွှမ်းမိုးမှုနှင့် တံတားများ ပျက်စီးခြင်းကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်နေသည်။

ဧရာဝတီမြစ်ရေတက်လာမည်ကို ကာကွယ်သည့်အနေဖြင့် ဒေသခံများက သဲအိတ်များ စီတန်းချထားကြသည်။ မြစ်ရေကြီးခြင်းကြောင့်လည်း ရွာဒါဇင်များစွာ ရေဖုံးလွှမ်းသွားခဲ့သည်။

"ဒီအဖြစ်ဆိုးမျိုး အရင်က တစ်ခါမှ မကြုံဖူးဘူး၊ ဒါပေမယ့် ဒီလိုကြုံနေရတာကလည်း တစ်ယောက်တည်း မဟုတ်ဘူး။" ဟု ညောင်တုန်းမှ တံငါသည်တစ်ဦးဖြစ်သူ ကိုစိုးမင်းပိုင်က ပြောသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly