ပြည်မြို့တွင်း နေရာ ၈ ခု ၌ ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောမှုပြုလုပ်

ပြည်မြို့တွင်း နေရာ ၈ ခု ၌ ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောမှုပြုလုပ်

ပြည်၊ ဇူလိုင် ၂၈ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇူလိုင် ၂၈ ရက်က ကျန်းမာရေး ဌာနဝန်ထမ်းများဦးဆောင်ကာ ရာသီတုပ်ကွေး ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ကို နေရာ (၈)ခု ၌ တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

“မနေ့ကပဲ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ရဲ့ လမ်းညွှန်ချက်မှုနဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေး နဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးက ဆရာဝန် ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းပြီးလုပ်တာပါ”ဟု နဝင်းဝါရုံရပ်ကွက် ရွှေဘဏ္ဍာဓမ္မာရုံတွင် လာရောက်ဟောပြောခဲ့သည့် ပြည်မြိုနယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာချမ်းသာဇော်က ဆိုသည်။

နံနက် (၁၀)နာရီအချိန်တွင် ရွာဘဲရပ်ကွက် အကျွတ်အလွတ်ဓမ္မာရုံ ၊ ဆံတော်ရပ်ကွက် ရွှေသာလျောင်းဘုရား ၊ ခေတ္တရာမြို့သစ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ ပြည်သာယာရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး တို့တွင်လည်းကောင်း နေ့လည် ၂ နာရီတွင် ရွာဘဲဖက်တန်းရပ်ကွက် ရွှေပိန္ဒဲဓမ္မါရုံ ၊ နဝင်းဝါရုံရပ်ကွက် ရွှေဘဏ္ဍာဓမ္မါရုံ ၊ ရွာဘဲရပ်ကွက် ဂန္ဓမာဓမ္မါရုံ ၊ ရွာဘဲ အရှေ့ပေါက်ရပ်ကွက် မိဂ္ဒါရုံဓမ္မါရုံ တို့ တွင် ဟောပြောမှုများပြုလုပ်ခဲ့သည်။

၄င်းဟောပြောပွဲများကို ပြည်ခရိုင် ကျန်းမာရေး ဦးစီးမှူး ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌါနမှ ဆရာဝန်ဆရာဝန်မ ၁၂ ဦး ၊ ပြည်မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ နှင့် ဒေသန္တရကျန်းမာရေးမှ ကျန်းမာရေးဝန်ထမ်း ၂၅ ဦး စုစုပေါင်း ၃၇ဦး ကို လေးဖွဲ့ ခွဲပြီး ဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required