ကင်မ်ဝူးဘင်၏ လက်ရှိကျန်းမာရေးအခြေအနေကို သူ၏ အေဂျင်စီထုတ်ပြန်

ကင်မ်ဝူးဘင်၏ လက်ရှိကျန်းမာရေးအခြေအနေကို သူ၏ အေဂျင်စီထုတ်ပြန်

ကင်ဆာဝေဒနာ ခံစားနေရသောကြောင့် လက်ရှိတွင် ဆေးကုသမှုများ ခံယူနေရသည့် မင်းသားကင်မ်ဝူးဘင် သည် ဓာတုကုထုံးဖြင့် ပထမဦးဆုံးအကြိမ်ဖြစ် အောင်မြင်စွာ ကုသမှုခံယူပြီးပြီဖြစ်ကြောင်း သိရသည်။

သူ၏အေဂျင်စီဖြစ်သော SidusHQ မှ ထုတ်ပြန်ခဲ့သော သတင်းအရ ကင်မ်ဝူးဘင်၏ လက်ရှိအခြေအနေသည် သတိထားနေရဆဲဖြစ်သော်လည်း လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိပြီဖြစ် ကြောင်း သိရသည်။ သြဂုတ်လလယ်လောက်တွင် ဓာတုကုထုံးဖြင့် ကုသမှုရလာဒ်ကို ပြန်လည်စစ်ဆေးမည် ဖြစ်ပြီး ထို့နောက်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကုသရမလားဆိုတာကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဒါ့အပြင် SidusHQ အေဂျင်စီက “ ယနေ့ခေတ်ဆေးပညာတွေဟာ အလွန်ကိုတိုးတက်လာပါတယ်။ ဒါကြောင့် ကင်မ်ဝူးဘင်ဟာ ကင်ဆာဆေးတွေနဲ့ ကုသမှုခံယူနေရပေမယ့် ဆံပင်ညွတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ပြောင်းလဲခြင်းတို့ကို မခံစားရပါဘူး။ ဓာတုကုထုံးကြောင့် အလေးချိန် ၁၀ ကီလိုဂရမ်ခန့်တော့ ကျဆင်းသွားပါ တယ်။ လက်ရှိမှာသူဟာ ခန္ဓာကိုယ်အလေးချိန်ကို ၆၀ကီလိုဂရမ်အောက် မရောက်သွားအောင် ထိန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။

ကင်မ်ဝူးဘင်သည် ကင်ဆာရောဂါဝေဒနာကို ယခုနှစ်မေလတွင် စတင်ခံစားခဲ့ရသူဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required