VMA ဂီတဆုပေးပွဲ၌ ကေတီပယ်ရီ အစီအစဉ်မှူးလုပ်မည်

VMA ဂီတဆုပေးပွဲ၌ ကေတီပယ်ရီ အစီအစဉ်မှူးလုပ်မည်

ပေါ့ပ်အဆိုတော်ကေတီပယ်ရီသည် လာမည့်သြဂုတ်လတွင် ကျင်းပမည့် VMA သီချင်းဗီဒီယိုဆုပေးပွဲ၌ အစီအစဉ်မှူးအဖြစ် ပါ၀င်သွားမည်ဖြစ်ကြောင်း အမေရိကန်ရုပ်သံလိုင်း MTV မှ ကြေညာခဲ့ပြီး သူမသည် ထိုပွဲ၌ ဖျော်ဖြေတင်ဆက်ယုံသာမက ဂီတဆုများအတွက်လည်း ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကေတီပယ်ရီသည် စက်တင်ဘာလတွင် ကမ္ဘာလှည့်ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားပြီး ၂၀၁၈ အတွင်း၌လည်း American Idol အစီအစဉ်တွင် ဒိုင်တစ်ဦးအဖြစ် ပါ၀င်သွားမည်ဖြစ်သောကြောင့် ယခုနှစ်သြဂုတ်လမှ စတင်၍ သူမအတွက် အလွန်အလုပ်များသော ကာလတစ်ခုဖြစ်လာတော့မည် ဖြစ်သည်။

ပြီးခဲ့သောဇွန်လက အယ်လ်ဘမ်အသစ် Witness ကိုထွက်ရှိထားသော ပယ်ရီသည် တွစ်တာပေါ်၌ ပရိသတ် အများဆုံးရှိသော အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမ၏ ဖော်လိုဝါပေါင်းမှာ သန်း ၁၀၀ ကျော်ခန့်ရှိသည်။

VMA ဆုပေးပွဲတွင် သူမ၏ သီချင်းဗီဒီယို Chained to the Rhythm သည် ကဏ္ဍလေးခုမှ ဆုအသီးသီးအတွက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဒါ့အပြင် ကယ်လ်ဗင်ဟားရစ်နှင့် သူမအတူတကွ ဖန်တီးသော သီချင်းဖြစ်သည့် Feels နှင့် သူမ၏မဟာပြိုင် ဘက် တေလာဆွစ်နှင့် ဇိန်းမာလစ်ခ်တို့ ပူးတွဲသီဆိုထားသော I Don’t Wanna Live Forever သီချင်းသည် အကောင်းဆုံး ပူးတွဲသီဆိုမှုသီချင်းဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

MTV သီချင်းဗီဒီယိုဆုပေးပွဲကို လာမည့်သြဂုတ်လ ၂၇ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားမည် ဖြစ်ပြီး MTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required