ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးမှနှုတ်ထွက်ရန် တရားလွှတ်တော်ချုပ် အမိန့်ပေးဆုံးဖြတ်

ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးမှနှုတ်ထွက်ရန် တရားလွှတ်တော်ချုပ် အမိန့်ပေးဆုံးဖြတ်

ဇူလိုင် ၂၈ ။                        ။ ပါကစ္စတန်နိုင်ငံရဲ့ လက်ရှိ၀န်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်ဟာ အစိုးရအဖွဲ့အကြီးအကဲတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ စည်းကမ်းနဲ့မညီညွတ်တော့တာကြောင့် ရာထူးကနေ နှုတ်ထွက်ရမယ်ဆိုပြီး တရားလွှတ်တော်ချုပ်က ဇူလိုင် ၂၈ ရက်မှာပဲ အမိန့်ပေးဆုံးဖြတ်လိုက်ပါတယ်။

အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၀န်ကြီးချုပ် နာဝက်ဇ်ဟာ ယခုအခါမှာ ၀န်ကြီးချုပ်တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းမပြည့်မီတော့ဘူးဆိုပြီး  နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် နာဝက်ဇ် ရှာရစ်ဖ်အနေနဲ့ လက်ရှိ ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ပေးရတော့မှာ ဖြစ်ပါတယ်။

" ခုဆိုရင် သူဟာ ပါလီမန်အမတ်တစ်ယောက်အဖြစ် ရှိနေဖို့ စည်းကမ်းမညီညွတ်တော့ပါဘူး၊ ဒါကြောင့် ၀န်ကြီးချုပ်နေရာကိုလည်း ခုချိန်ကနေစပြီး လက်လွှတ်ရပါလိမ့်မယ်" ဆိုပြီး တရားသူကြီး အီဂျက်ဇ် အက်ဖ်ဇယ်ခန်က ပြောကြားပါတယ်။

အဆိုပါ ကြေညာချက်အပေါ် အတိုက်အခံတွေဘက်က ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး လမ်းမတွေပေါ်မှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယခုအခါ တရားရုံး ဆုံးဖြတ်ချက်ကြောင့် နာဝက်ဇ်ရဲ့ တတိယမြောက်သက်တမ်းကို အဆုံးသတ်စေခဲ့ပြီ ဖြစ်ပါတယ်။ တရားရုံးဘုတ်အဖွဲ့က  နိုင်ငံရပ်ခြားမှာ ဖွင့်ထားတဲ့ ငွေစာရင်းအကောင့်တွေနဲ့ နာဝက်ဇ်တို့ ပတ်သက်မှုရှိမရှိနဲ့ ၎င်းရဲ့သားသမီးတွေပိုင် ပြည်ပက ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေခဲ့တာဖြစ်ပြီး ယခုလို ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required