Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ် ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာသူဋ္ဌေးဖြစ်လာ

Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ် ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာသူဋ္ဌေးဖြစ်လာ
Amazon.com ကို တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ် (ဓာတ်ပုံ - အီးပီအေ)

Amazon.com ကို တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျက်ဖ်ဘီဇို့စ်ဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ (၉၀)ဘီလီယံကျော် ကြွယ်ဝမှုနဲ့အတူ ကြာသပတေးနေ့က တစ်ဦးချင်း ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာသူဋ္ဌေး ဖြစ်လာခဲ့ပါတယ်။

Forbes မဂ္ဂဇင်းမှ ကမ္ဘာပေါ်ရှိ အကြွယ်ဝဆုံးလူတွေရဲ့ ပိုင်ဆိုင်မှုကို အနီးကပ် ခြေရာခံလိုက်မှုဟာ ဂျက်ဖ်ဘီဇို့စ်ဟာမှာ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ အထက် ကမ္ဘာ့အချမ်းသားဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

Amazon ရဲ့ ရှယ်ယာဟာ  ကြာသပတေးနေ့က Nasdaq ပေါ်မှာ ၁.၆ ရာခိုင်နှုန်းစတင် မြင့်တက်လာပြီး နည်းပညာနှင့် လက်လီလုပ်ငန်းကုမ္ပဏီဟာ အသားတင်တန်ဖိုး ဒေါ်လာ (၁.၄)သန်း ခုန်တက်ခဲ့တဲ့အချိန်မှာ အသက် ၅၃ နှစ်အရွယ် ဘီဇို့စ်ဟာ ဂိတ်စ်ကို ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ Forbes ရဲ့ အချမ်းသားဆုံးစာရင်းမှာ ဘီဇို့စ်က ဒေါ်လာ (၉၁.၃)ဘီလီယံဖြင့် ပထမနေရာ၊ သူ့နောက်မှာတော့ ဂိတ်စ်က ဒေါ်လာ (၉၀)ဘီလီယံနှင့် Inditex ဖက်ရှင်အုပ်စု ပူးတွဲတည်ထောင်သူ အာမန်စီယို အောဒီဂါက ဒေါ်လာ (၈၃.၅)ဘီလီယံဖြင့် ဒုတိယနှင့် တတိယနေရာတို့မှာ အသီးသီးရပ်တည်နေကြပါတယ်။

ဘီဇို့စ်ဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း Forbes ရဲ့ ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာ ထိပ်ဆုံးနေရာကို ရယူတဲ့ (၇)ဦးမြောက် အချမ်းသားဆုံးလူ ဖြစ်လာပါတယ်။

ဒါပေမယ့် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူ ဂိတ်စ်က လူသားချင်းဆိုင်ရာတွေမှာ ကူညီဖေးမ ဒါနပြုမှုအတွက် ဒေါ်လာ (၃၂.၉) ဘီလီယံကို လှူးဒါန်းမှု မပြုလုပ်ခဲ့ဘူးဆိုရင် ဘီဇို့စ် သို့မဟုတ် အခြားမည်သူမဆို အသားတင်ချမ်းသားကြွယ်ဝမှုမှာ သူ့ထက် ပိုများမယ်ဆိုတာ ခက်ခဲလိမ့်မယ်လို့ Forbes မှတ်ချက်ပြုခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags