ဒီဂီယာသည် ယမန်နှစ်ကနှင့် မတူတော့ဟု ဗန်ဟားလ်ပြောဆို

ဒီဂီယာသည် ယမန်နှစ်ကနှင့် မတူတော့ဟု ဗန်ဟားလ်ပြောဆို

သြဂုတ် ၈၊ မန်ချက်စတာ ။         ။ ဂိုးသမားဒေးဗစ်ဒီဂီယာ၏လက်စွမ်းသည် ယမန်နှစ်ကနှင့်မတူတော့ကြောင်းနှင့် စနေနေ့တွင်စပါးနှင့်ကစားမည့်ပွဲ၌ ကစားနိုင်မည်မဟုတ် ကြောင်း မန်ယူနည်းပြ ဗန်ဟားလ်က ပြောဆိုလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒီဂီယာသည် နွေရာသီကာလတစ်လျှောက်လုံး အပြောင်းအရွှေ့သတင်းထွက်နေပြီး ကစားသမားကိုတိုင်ကလည်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းချင်နေသည်။

"သူမနှစ်ကလိုမဟုတ်တော့ဘူးဆိုတာ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပွဲတွေမှာ ကျွန်တော်တို့တွေ့ခဲ့ရပါတယ်"ဟု ဗန်ဟားလ်ကပြောသည်။ ကစားသမားသစ် ဆာဂျီယိုရိုမီယိုအပြင် လင်ဒီဂတ်၊ ဆမ်ဂျွန် စတုန်းတို့အနက် တစ်ဦးဦးမှာ ဒီဂီယာ၏နေရာကို အစားဝင်ရဖွယ်ရှိသည်။

အသက် ၃၁ နှစ်ရှိ လင်ဒီဂတ်နှင့် အသက် ၂၂ အရွယ်ရှိ ဂျွန်စတုန်းတို့သည် မန်ယူအသင်း၏ အမေရိကခရီးစဉ်တွင်ပါဝင်ခဲ့ကြသော်လည်း ယမန်နှစ်ပရီးမီးယားလိဂ်တွင် တစ်ပွဲမှကစားခွင့်မရခဲ့ သူများဖြစ် သည်။ လင်ဒီဂတ်သည်ပရီးမီးယားလိဂ်တစ်ပွဲမှ ကစားခွင့်မရခဲ့သလို ဂျွန်စတုန်း သည်လည်း မန်ယူတွင်ပွဲထွက်ခွင့်မရသေးသူဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဗဲလ်ဒက်စ်ရှိနေသေးသော်လည်း ယင်းစပိန်ဂိုးသမားသည် အရန်အသင်းတွင်ပါဝင်ကစားရန်ငြင်းဆန်ခဲ့သည်ဟု ဗန် ဟားလ်ကပြောကြားထားရာ အသင်းပြောင်းရဖွယ်ရှိနေသည်။
"ဒီဂီယာဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုရဖို့ ကြိုးစားနေပေမယ့် ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ အခုကျွန်တော်တို့ပထမဆုံးပွဲကစားရ ဖို့ရှိနေချိန်မှာ ပွဲအပေါ်သာအာရုံစိုက်နိုင် တဲ့ကစားသမားများ ကိုလိုချင်ပြီး သူမလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒီဂီယာကစားနိုင်ဖို့မရှိပါဘူး"ဟု ဗန်ဟားလ်ကပြောသည်။

ဒီဂီယာသည် ၂၀၁၁ တွင်ရီးယဲလ်မက်ဒရစ်အသင်း၏ပြိုင်ဘက် အက်သလက်တီကိုအသင်းထံမှပြောင်းလာပြီးနောက် မန်ယူအသင်းအတွက် ၁၇၅ ပွဲကစားထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly