မြန်မာဖူဆယ်အသင်း ကမ္ဘာ့အဆင့် ၈၆တွင် ရပ်တည်နေ

မြန်မာဖူဆယ်အသင်း ကမ္ဘာ့အဆင့် ၈၆တွင် ရပ်တည်နေ

ဇူလိုင် ၂၇၊ ရန်ကုန်။            ။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၁၇ ဇူလိုင်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၈၆နေရာ၌ ရပ်တည်နေသည်။

မြန်မာဖူဆယ်အသင်းမှာ ၂၀၁၇ခုနှစ်အတွင်း အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး လက်ရှိ အဆင့်သတ်မှတ်ချက်အရ အာရှအဆင့် ၁၉နေရာတွင် ရပ်တည်နေသည်။

  မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ ၂၀၁၆အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ထိုင်းအသင်းကိုရှုံးနိမ့်ကာ ဒုတိယရခဲ့သည်။ ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်းမှာ အုပ်စု(က)တွင် မလေးရှား၊ လာအို၊ အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေသည်။

၂၀၁၇ ဇူလိုင်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထုတ်ပြန်မှုအရ အာဆီယံတွင် ထိုင်းအသင်းက အဆင့် ၁၊ ဗီယက်နမ်က အဆင့် ၂၊ အင်ဒိုနီးရှားက အဆင့် ၃၊ မလေးရှားက အဆင့် ၄၊ မြန်မာက အဆင့် ၅၊ စင်ကာပူက အဆင့် ၆၊ တီမောက အဆင့် ရ၊ လာအိုက အဆင့် ၈၊ ဖိလစ်ပိုင်က အဆင့် ၉၊ ကမ္ဘောဒီးယားက အဆင့် ၁၀ နေရာများတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly