အနုပညာလုပ်ငန်းများကို ခေတ္တရပ်နားကာ မိခင်ကောင်းဖြစ်ရန် ကြိုးပမ်းနေသည့် အန်ဂျလီနာဂျိုလီ

အနုပညာလုပ်ငန်းများကို ခေတ္တရပ်နားကာ မိခင်ကောင်းဖြစ်ရန် ကြိုးပမ်းနေသည့် အန်ဂျလီနာဂျိုလီ

ဟောလိ၀ုဒ်မင်းသမီး အန်ဂျလီနာဂျိုလီသည် မိခင်ကောင်းတစ်ယောက် ဖြစ်လာရန်အတွက် သူမ၏ ရုပ်ရှင် ရိုက်ကူးရေးများကို ခေတ္တရပ်နားထားကာ ဟင်းချက်သင်တန်းများတက်ရောက်ပြီး အိမ်မှုကိစ္စများကို လုပ်ဆောင် လျက်ရှိသည်။

Vanity Fair နှင့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် မင်းသမီးက လွန်ခဲ့သောစက်တင်ဘာလ က ခင်ပွန်းဖြစ်သူ ဘရက်ပစ်နှင့် ကွာရှင်းခဲ့အပြီးတွင် သူမ၏ ကျန်းမာရေးနှင့် ကလေးများကိုသာ အလေးထား ဂရုစိုက်နေကြောင်း ပြောဆိုခဲ့သည်။

“ကျွန်မကိုယ် ကျွန်မ အမျိုးသမီးတစ်ဦးအဖြစ် ပိုမိုခံစားလာရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ရွေးချယ်မှုတွေကို ထက်ထက်မြက်မြက်နဲ့ပဲ ရွေးချယ်နေနိုင်လို့ပါ။ ကျွန်မရဲ့ မိသားစုအရေးကိုပဲ ဦးစားပေးပါတယ်။   ပြီးတော့ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ကလေးတွေကိုပဲ သေချာဂရုစိုက်ပါတယ်။ ဒါတွေဟာ မိန်းမသားဘဝကို ပြည့်စုံစေပါတယ်” ဟု ဂျိုလီက ပြောကြားခဲ့သည်။

ဂျိုလီသည် ကမ္ဘောဒီးယားနိုင်ငံမှ မျိုးတုန်းသတ်ဖြတ်မှုအကြောင်းကို နောက်ခံထားသည့် First They Killed My Father ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားပြီး လာမည့်ဖေဖေါ်ဝါရီလတွင် ကမ္ဘောဒီးယား၌ အထူးပွဲ ပြသသွားရန် စီစဉ်ထားသည်။

ထိုရုပ်ရှင်နှင့် ပတ်သက်၍ ပရိုမိုးရှင်းများ ပြုလုပ်ရမည်ဖြစ်သော်လည်း ဂျိုလီက သူမသည် လက်ရှိတွင် အနုပညာလုပ်ငန်းများကို လုပ်ကိုင်ရန် စိတ်မဝင်စားသေးဘဲ သူမ၏ ကလေးငယ် ၆ဦးကို ထိန်းသိမ်းခွင့်နှင့် ဘရက်ပစ်နှင့် ကွာရှင်းပြတ်ဆဲမှုကို အပြီးသတ်သွားရန်သာ ဦးစားပေး လုပ်ဆောင်ဖို့ရှိနေကြောင်း ပြောဆိုခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required