လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၂)

27 July 2017
လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၂)

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

အဲတော့ ၂၀၁၅ မှာက ပျက်စီးဆုံးရှုံးမှုတွေက ထင်ထင်ရှားရှားဖြစ်လာတယ်။ ဒီဥပဒေကြောင့် ဒီပျက်စီးဆုံးရှုံးမှုတွေက ကုစားတာ သက်သာလာတဲ့အခြေအနေတွေ ရှိရဲ့လား။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

နောက်တစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေတွေ ထုတ်ပြန်တိုင်း ထုတ်ပြန်တိုင်းမှာ နောက်ဆက်တွဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ဒါမှမဟုတ်ရင်လည်း အဲဒီဥပဒေကနေပြီးတော့ ခွင့်ပြုထားတဲ့ ဦးဆောင်အဖွဲ့တွေ ဒါမှမဟုတ် ဦးစီးအဖွဲ့တွေကနေပြီးတော့ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းရမယ် ပြုစုရမယ်ဆိုတဲ့အပိုင်းတွေ ထုတ်ပြန်ရမယ်ဆိုတဲ့ အပိုင်းတွေ ရှိတယ်ပေါ့။ ဆိုတော့ အဲဒီ နည်းဥဒေတွေ မထွက်လာခင်အချိန်မှာ ပြည်ထောင်စုလွှတ်တော်ကနေ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကနေမှ အသက်မဝင်တဲ့ အနေအထားမျိုးတွေ အကောင်အထည်မပေါ်ဘူးဆိုတဲ့ အနေအထားမျိုးတွေ အယူအဆတစ်ရပ်လို့ မြင်နေရတယ်။

အခုလက်ရှိ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်မှာ ပြဌာန်းလိုက်တဲ့ တောင်သူလယ်သမား ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြင့်တင်ရေးဆိုတဲ့ ဥပဒေမှာလည်းပဲ အခုချိန်ထိတော့ နည်းဥပဒေတွေ ထွက်လာတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီးတော့ နည်းဥပဒေတွေ ထုတ်ပြန်ထားတာတွေ ကျွန်တော်တို့ လေ့လာသလောက်တော့ မတွေ့ရသေးဘူးပေါ့။ အားနည်းချက်တွေ ရှိနေသေးတယ်။ သို့သော်ငြားလည်း အဲလို အားနည်းချက်တွေရှိနေလို့ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝဘေးအန္တရာယ်တွေက နေမှာမဟုတ်ဘူးလေ ဖြစ်လာပြီဆိုလို့ရှိရင် ဒီဟာကို ဘယ်လိုမျိုး ကုစားရမလဲဆိုတဲ့အပိုင်းကို ကျွန်တော်တို့ ဒီထွက်ပေါက်ကို လိုက်ပြီးတော့ ရှာဖို့လိုတယ်။ အဲဒီထွက်ပေါက်ကို လိုက်ရှာတဲ့အခါကျတော့ အဲဒီဥပဒေထဲမှာပဲ ပုဒ်မ ၂၉ မှာဆိုရင် ဦးဆောင်အဖွဲ့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လိုအပ်သော အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်နိုင်တယ်ဆိုတဲ့ အပိုင်းပါလာတယ်။ ဒီလိုမျိုး ဖြစ်လာပြီဆိုလို့ရှိရင် အမိန့်ကြော်ငြာစာတွေနဲ့အညီ ကုစားပေးနိုင်တယ်ဆိုတဲ့အပိုင်းကို ကျွန်တော်တို့ သွားတွေ့ရတယ်။ နည်းဥပဒေ မထုတ်ပြန်နိုင်သေးပေမယ့်လို့လည်း အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ပြီးတော့ ကုစားပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်ဆိုတာကို သွားတွေ့ရပါတယ်ခင်ဗျာ။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ကိုစောကျော်မင်းပြောသွားတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေလို့ သုံးနှုန်းသွားတယ်ပေါ့နော်။ ဆိုတော့ ဒီမှာပတ်သက်နေတဲ့ အမိန့်ကြော်ငြာစာထုတ်မယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘယ်လိုဝန်ကြီးဌာနတွေဖြစ်မလဲ။ သူတို့က ဘယ်လိုအပြည့်အဝကို ဒီဥပဒေကို အသုံးချပြီးတော့ တောင်သူလယ်သမားတွေကို ကာကွယ်ပေးသင့်တယ်လို့ထင်ပါသလဲ။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

ဟုတ်ကဲ့ပါ ဒီဥပဒေနဲ့ပတ်သက်ရင်တော့ သက်ဆိုင်ရာဝန်ကြီးဌာနဆိုတဲ့နေရာမှာတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကတော့ အဓိကပေါ့နော်။ နောက်တစ်ခုက တခြားဘာရှိမလဲဆိုရင် ဒီလိုမျိုး ရေလွှမ်းမိုးမှုတွေ ဖြစ်လာပြီဆိုခဲ့လို့ရှိရင် လူမှုကယ်ဆယ်ရေးဆိုတာကလည်း သက်ဆိုင်တဲ့ ဝန်ကြီးတစ်ရပ်လို့ ကျွန်တော် မြင်ပါတယ်။ ဟုတ်ပြီ လူမှုကယ်ဆယ်ရေးတင်လားဆိုရင် မဟုတ်ပြန်ဘူး နောက် ရေလွှမ်းမိုးမှုတွေ ဖြစ်လာပြီဆိုရင် တောင်သူလယ်သမားတွေ အထူးသဖြင့် ပြည်သူတွေ ရေလွှမ်းမိုးမှုခံရတဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေ ဒါလည်း ကုစားရမှာပဲ။ ဒါဆိုရင် ကျန်းမာရေးတွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာလည်းပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ ထုတ်ပြန်ချက်နဲ့အညီ လိုက်ပြီးတော့ ကုစားပေးဖို့ လိုအပ်တယ်ဆိုတဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ သွားတွေ့ရတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

အဲဒီ အခြေအနေတွေရော သူတို့ အရေးယူဆောင်ရွက်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ လက်ရှိအခြေအနေမှာ .......

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

ဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့ လူမှုကယ်ဆယ်ရေး ဝန်ကြီးဌာနတို့ ကျန်းမာရေး ဝန်ကြီးဌာနလိုဟာမျိုး အဲလိုမျိုး ဝန်ကြီးဌာနတွေက ဒီ ရေဘေးသင့်တဲ့ နေရာဒေသတွေမှာ လိုက်လံ ကူညီဆောင်ရွက်မှုအနေအထားတွေတော့ ဒါ လက်ရှိအနေအထားမှာ ၂၀၁၅ ခုနှစ် လက်ရှိအနေအထာမှား တွေ့လာရပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံမှာက လိုအပ်ချက်တွေ သိပ်များတယ်။ လိုအပ်ချက်တွေ ရှိတဲ့အနေအထားမှာ အလုံးစုံ ပြည့်စုံအောင်ဆိုတဲ့ အနေအထားမျိုးကတော့ ဒါ လိုအပ်နေဦးမှာ ဖြစ်တယ်။ အဲလိုမျိုး လိုအပ်တာတွေကို တဖြည်းဖြည်းချင်း ဖြည့်ဆည်းသွားနိုင်ဖို့လည်း အေးကြီးပါတယ်။

နောက်တစ်ချက်က ဘာလဲဆိုတဲ့အခါကျတော့ အထူးသဖြင့် ဒီလိုမျိုး ဝန်ကြီးဌာနတွေက CSO တွေ CPO တွေ နောက်ပြီးတော့ NGO တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်ဆို်လို့ရှိရင်လည်း ပိုပြီးတော့ အားကောင်းမယ့် အနေအထားဖြစ်လာမယ် နောက်တစ်ခါ ထပ်ပြီးတော့ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာက အဓိက မရှိတဲ့ပြဿနာက ဘာလဲဆိုရင် သုတေသနဆိုင်ရာ ကိစ္စတွေကိုလည်းပဲ သေသေချာချာ စနစ်တကျနဲ့ လုပ်ပြီးတော့ သုတေသနပိုင်းဆိုင်ရာတွေက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အစိုးရအနေနဲ့ သေသေချာချာ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ရေရှည်ကာလမှာ ပြီးပြည့်စုံတဲ့ ကာလတစ်ခုကို ရောက်မယ်လို့တော့ မျှော်လင့်ရတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ဆိုတော့ အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနတွေက အရပ်ဖက်အဖွဲ့အစည်းတွေ ပြီးတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပြီးတော့ အကိုတို့လို တောင်သူလယ်သမားသမဂ္ဂတို့ တောင်သူလယ်သမား အသင်းချုပ်တို့ ပြီးတော့ စီးပွားရေးအဖွဲ့အစည်းမှာဆိုုရင်လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ စသည်ဖြင့် ရှိတာပေါ့နော်။ အဲတော့ အစိုးရအနေနဲ့ရော သူတို့နဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ဟာက ပိုပြီးတော့ထိရောက်လား၊ အကို ဘယ်လိုမြင်လဲ အကိုတို့ဆိုရင် အစိုးရနဲ့ ဒီလိုမျိုး တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ဖို့တို့ မြင့်တင်ဖို့တို့ ဒီလိုပျက်စီးရှုံးမှုကနေ ကာကွယ်ဖို့တို့ အတူတူ လိုက်ပါဆောင်ရွက်တဲ့ဟာတွေရော ထိရောက်တဲ့ဟာတွေလို့ မြင်လား။ ဘယ်လိုအခက်အခဲတွေ ရှိနေတုန်းလဲ။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

ဒါက ကျွန်တော်တို့မြင်တဲ့အပိုင်းကတော့ ဥပဒေပြဌာန်းလိုက်တယ်ဆိုရင် အခု ဒီဥပဒေကို ကြည့်လိုက်မယ်ဆိုရင် တောင်သူလယ်သမားကာကွယ်ရေးနဲ့ အကျိုုးစီးပွား မြင့်တင်ရေးဥပဒေကို ကြည့်မယ်ဆိုရင် သူ့ရည်ရွယ်ချက်ထဲမှာကိုက ဒါက ပါပြီးသားပဲ။ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးများနဲ့ ထိခိုက်မှုများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန်ဆိုတာ ဒါက ရည်ရွယ်ချက်ထဲမှာကိုက ထည့်ထားပြီးသား။ သို့သော်ငြားလည်း ဒါက အစိုးရပိုင်းဆိုင်ရာ ပေါ်လစီတွေကတော့ တော်တော်လေးကို ပြည်သူကို ကိုယ်စားပြုတဲ့ အနေအထားမျိုး ပြည်သူကို ကြည့်တဲ့အနေအထားမျိုး တွေ့ရတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ အရင်တုန်းက အခြေအနေတွေနဲ့ ပြောင်းလဲလာတဲ့အခါကျတော့ ကျွန်တော်တို့ အဓိကအားဖြင့် ယန္တရားပိုင်းဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကျတော့ တစ်ခါတစ်လေမှာ အခက်အခဲ အကျပ်အတည်းတွေလည်း ဖြစ်လာတာတွေ ရှိပါတယ်။ ဆိုောတ့ ပေါ်လစီပိုင်းဆိုင်ရာတွေကတော့ ပြည်သူတွေကို အများကြီး မျက်နှာမူလာပြီ သို့သော်လည်း ယန္တရားပိုင်းဆိုင်ရာတွေကို ကိုင်တွယ်ဖို့အတွက်ကလည်း အစိုးရအနေနဲ့ သေသေချာချာ ကိုင်တွယ်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့အတွက်ကလည်း ဒါ ကြိုးစားရမယ့်အပိုင်းဖြစ်ပါတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

အကိုဆွေးနွေးသွားတာက ခေါင်းဆောင်ပိုင်းက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဆိုတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းမှာလည်း နှစ် ၃၀ ကျော် အတွေ့အကြံုရှိရှိ လုပ်ကိုင်ခဲ့တဲ့ ဆရာဦးအေးမြင့်ကိုလည်း မေးချင်ပါတယ်ခင်ဗျ။ ဆိုတော့ ကျွန်တော်တို့ဆွေးနွေးနေတဲ့ လယ်ယာစိုက်ပျိုးမှု ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရက ရေရှည်စီမံကိန်းတွေထားပြီးတော့ ဘယ်လို ကာကွယ်သင့်လဲဆိုတဲ့အပေါ်မှာ ခေါင်းဆောင်မှုအပိုင်းကိုလည်း ကျွန်တော်တို့က ပြောထားတယ်ပေါ့နော်။ ဆိုတော့ အစိုးရမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဦးအေးမြင့်အနေနဲ့ရော ခေါင်းဆောင်မှုအပိုင်းက ဘယ်လောက်ထိအရေးပါလဲ။ နောက်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ ဥပဒေအရရော အရပ်ဖက်နဲ့ အစိုးရ ပူးပေါင်းလုပ်ဆောင်မှုအပိုင်းတွေမှာ သတ်သတ်မှတ်မှတ် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက်ကော ခေါင်းဆောင်မှုနဲ့ စီမံမှုအပေါ်မှာရော ဘယ်လိုအကြံပေးချင်လဲဗျ။

ဦးအေးမြင့်

(ရေအရင်းအမြစ် အင်ဂျင်နီယာ)

ခုနက ကိုစောကျော်ကျော်မင်း ပြောသွားတဲ့အထဲမှာ ကျွန်တော် ဖြည့်စွက်ဆွေးနွေးချင်တာလေး တစ်ခုရှိတယ်။ ကျွန်တော်တို့နိုင်ငံက အားလုံးသိကြတဲ့အတိုင်း အဖက်ဖက်ကအားနည်းတော့ ခုနက ၂၀၁၅ မှာ ကျွန်တော်တို့ မကြံုဖူးအောင်ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြီးပေါ့နော် မနေ့တနေ့ကဆိုရင်လည်း ရေကြီးတာတွေပေါ့။ ဒီနေ့ပဲ အင်ဂျင်နီယာ စာရေးဆရာတစ်ယောက်နဲ့ ဆွေးနွေးဖြစ်ပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ ပျက်စီးဆုံးရှုံးတယ် ကျွန်တေ်ာတို့ ဒီကနေ့ဆွေးနွေးမယ်ဆိုတဲ့ ခေါငး်စဉ်ကလည်း ပျက်စီးဆုံးရှုံးမှုအတိုင်းအတာ ဟုတ်ပြီ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာ ဘယ်လောက်ထိဖြစ်လဲဆိုတာကို ဘယ်သူတွေသိကြလဲ။ ဆိုလိုတာကတော့ ဖြစ်နေတုန်းတော့ လူတွေက တွေးပူးနေကြတာပေါ့နော်။ ဒီဟာကိုပဲ အာရုံစိုက်ပြီးတော့ ၂၀၁၅ တုန်းကလည်း ဒါကိုပဲ အာရုံစိုက်ပြီးတော့ မဲပြီးတော့ လုပ်ကြတာလည်း ပါတာပေါ့နော်။

ဒါကတော့ အပစ်လို့တော့ ပြောလို့မရဘူး။ သို့သော်လည်းပဲ ဟုတ်ပြီ ၂၀၁၅ ပဲ ပြောကြပါစို့။ ၂၀၁၅ မှာ ဖြစ်ခဲ့တယ်။ ကျွန်တော်ထင်ပါတယ် တစ်ချို့ NGO တွေ INGO တွေ ရှိမယ်။ အစိုးရ လူကယ်ပြန်တွေရှိမယ် ဒီအဖွဲ့တွေက လုပ်ကောင်းတော့လုပ်ပါလိမ့်မယ်။ မလုပ်ရင်လည်း လုပ်စေချင်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ပျက်စီးမှုအတိုင်းအတာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လယ်တွေ သိန်းနဲ့သန်းနဲ့ချီပြီးတော့ မြှုပ်သွားတယ် သီးနှံ့တွေဘယ်လောက်ပျက်သွားလဲ ပျက်သွားတဲ့အတိုင်းအဆ ငွေကြေးတန်ဖိုးအရ ဘယ်လောက်ဆုံးရှုံးသွားတယ် ဘယ်လောက်ထိ ထိခိုက်သွားတယ် ဒီဧရိယာ ဧရိယာဆိုတဲ့နေရာမှာ စစ်ကိုင်းတိုင်းတင်မဟုတ်ဘူး အောက်ထိဆင်းလာတဲ့ ဧရာဝတီတစ်လျှောက် တောက်လျှောက်ကို ဒီလိုဖြစ်လာတဲ့ အဲလိုဆုံးရှုံးမှု ငွေကြေးတန်ဖိုးနဲ့ ကျပ်သန်းပေါင်း အခုတော့ သန်းခေတ်မဟုတ်တော့ဘူး ဘီလျံခေတ် ဖြစ်သွားပြီ အဲတော့ ကျပ်ဘီလျံပေါင်း မြောက်မြားစွာ လယ်ယာမြေတွေ သီးနှံတွေ ဆုံးရှုံးတယ်။ လူတွေရဲ့ ကျန်းမာရေးက ဘယ်လောက်ထိ ထိခိုက်သွားတယ်ဆိုတာ အတိုင်းအဆ ပမာဏကို ကိန်းဂဏန်းနဲ့ ပြတော့မှ အဲလိုပြနိုင်မှ ကျွန်တော်တို့ သက်ဆိုင်ရာ စီမံခန့်ခွဲမယ့် ပလန်တွေ လုပ်မယ့်အဖွဲ့အစည်းတွေက အဲတော့မှ သူတို့က မျက်လုံးပျူးသွားမယ် ဒါကြီးက နည်းတဲ့အတိုင်းအဆ မဟုတ်ပါလားဆိုတာ ကိန်းဂဏန်းနဲ့ ပြောလို့ရတာပေါ့နော်။

အခု ကျွန်တော်ထင်ပါတယ် လုပ်တဲ့ဟာကလည်း ကျွန်တော်တို့ မသိတဲ့ဟာလည် းဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါမျိုးလေးတွေက လုပ်ဖို့ကောင်းတဲ့ဟာပေါ့။ အဲတော့ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တေ်ာတို့က ဆရာတို့ ဆွေးနွေးမယ့်အကြောင်းအရာမှာ ရေတိုရေရှည် ဘာလုပ်ကြမလဲဆိုတဲ့ အပိုင်းတွေ ပါတာပေါ့နော်။ ရေတိုကတော့ ခုနက ဆွေးနွေးပြီးတဲ့အတိုင်း ကျွန်တော်တို့ ရေနဲ့ပတ်သက်တဲ့ ဆည်မြောင်းဌာနဆိုရင်တော့ ဖြစ်ခဲ့ပျက်ခဲ့တဲ့ဟာတွေကို နောင်မဖြစ်အောင် ဒါက ရေတိုပေါ့။ ပြီးသွားပြီ ဒါက လုပ်ခဲ့ပြီးသွားပြီ ရေရှည်အနေနဲ့ နောင်ဒါမျိုးမဖြစ်အောင်  ကျွန်တော်က ရေသမားဆိုတော့ ရေနဲ့ပတ်သက်လို့ နောင်မဖြစ်အောင်ပေါ့ အခုဆိုလို့ရှိရင် စိုးရိမ်ရတဲ့အနေအထားတွေ ရှိတယ်။ ကျွန်တော်တို့ ဟိုဘက်ခေတ်မှာ ဖွဲ့စည်းထားတဲ့ တမံကြီးများအဖွဲ့ဆိုတဲ့ အဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ကလည်း တတ်နိုင်သရွေ့တော့ လုပ်နေပါတယ်။ ကမ္ဘာပေါ်မှာတော့ ဒါကတော့ နှစ်ကြာပီ ဖွဲ့ခဲ့တဲ့အဖွဲ့ ၂ နှစ်လောက်တော့ ရှိပြီပေါ့နော်။ တမံတွေရဲ့ စိုးရိမ်ရမှုအနေအထားကို ကျွန်တော်တို့က ဂရုစိုက်ရတယ်။ အဲဒါတွေ ကျိုးပဲ့ပျက်စီးမယ်ဆိုရင် ကျွန်တော်တို့ ပျက်စီးမှုက အတိုင်းအဆ ပြောလို့တောင်မရတော့ဘူး။ အဲဒါကြောင့် သေချာလုပ်ဖို့လိုတယ်။ အခု ကျွန်တော်တွေ့နေတာဆိုရင် ကျွန်တော်တို့လည်း အားမရဘူးပေါ့နော်။ ဆိုလိုတာကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကျွန်တော်တို့ဆီမှာဝင်ပါတယ်။ ဆည်မြောင်းဆိုရင်လည်း အထူးသဖြင့် ပဲခူးအနောက်ခြမ်းတွေမှာဆို အရင်လုပ်ခဲ့တဲ့ဆည်တွေကို ပိုကောင်းအောင် လုပ်နေတာတွေရှိတယ်။ အလားတူပဲ မန္တလေးဘက်တွေမှာလည်း လုပ်နေတာတွေရှိတယ်။

အဲလိုလုပ်နေတဲ့အပိုင်းမှာ ခုနကလို ၂၀၁၅ တုန်းက ကျွန်တော်တို့တစ်သက်လုံးမှာ တစ်ခါမှမကြံုဖူးတဲ့ တမံကြီးကို ရေကျော်တဲ့ဟာမျိုး မဖြစ်အောင် ရာသီဥတုဖောက်ပြန်မှုက ဖြစ်နေမှာဆိုတာ ကျွန်တော်တို့က ပြောလို့ရတယ်။ အဲတော့ ကျွန်တော်တို့ ဆည်တွေဆောက်ထားတာလည်း ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ်။ အကြီးအသေးပေါ့နော်။ အကြီးတွေက များပါတယ်။ ဒါကို နိုင်ငံတော် တာဝန်ရှိတဲ့သူတွေ အစိုးရအဖွဲ့တွေ ဌာနတွေပေါ့...........

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ဆရာကို ကျွန်တော် စကားလေးတစ်ခုလောက် ဖြတ်မေးချင်လို့ ဒီ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ အရင်ကပေါ့ ဆရာတို့ကလည်း နှစ် ၃၀ ကျော်လောက် အတွေ့အကြံုရှိခဲ့တယ်ပေါ့နာ်။ အရင်ခေတ်လို့ပဲ ဆိုကြပါစို့ ဆည် ၂၀၀ ကျော် တည်ဆောက်ခဲ့တယ်ပေါ့နော်။ ဆရာကလည်း လက်ရှိအစိုးရလက်ထက်ကနေပြီးတော့ လုံခြံုစိတ်ချရတဲ့အပိုင်းပေါ့နော် ဆည်မြောင်းတာတမံတွေကို ဦးစားပေးလုပ်ကိုင်သင့်တယ်လို့ ပြောလာတယ်။ ဆိုတော့ ဟိုအရင်တုန်းက ဆည်တွေ တာတမံတွေ ဆောက်လုပ်ခဲ့တဲ့အပေါ်မှာ ဘယ်လိုဦးတည်ချက်တွေနဲ့ လုပ်ကိုင်ခဲ့တာလဲ။ ဆိုတော့ ရာသီဥတုသက်ရောက်မှုအပေါ်မှာ ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ကိုင်ခဲ့တာတွေရှိလား။ ဆရာဘယ်လိုမြင်လဲ လုံခြံုရေးအပိုင်းကိုရော အရင်လုပ်ခဲ့တဲ့ဆည်တွေအပေါ်မှာ သူတို့ရဲ့ လုံခြံုရေးနဲ့ပတ်သက်ပြီးတော့ ဆရာဘယ်လိုမြင်လဲ အဲဒါလေး ပြောပေးပါဦး။

ဦးအေးမြင့် (ရေအရင်းအမြစ် အင်ဂျင်နီယာ)

ကျွန်တေ်ာတိုု့က အထူးသဖြင့်တော့ အားလုံးလည်းသိကြပါတယ် ဆည်တွေဆောက်ပြီဆိုရင် ရေလှောင်ဖို့ဆောက်တယ်။ ရေဘယ်လောက်လှောင်နိုင်မလဲ။ လှောင်မယ့်နေရာမရှိရင် ရေက ဝင်လာမယ့် လှောင်နိုင်မယ့်အားမပြရင် မကျော်သွားဘူး။ ဒါတွေကို ကျွန်တော်တို့က တွက်ရတာပေါ့။ အဲတော့ တွက်တဲ့အခါမှာ ကျွန်တေ်ာတို့က ဖြစ်နိုင်ချေရှိတာနဲ့ပဲ တွက်ချက်တယ်။ အဲတော့ အချက်အလက်ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ဖြစ်ခဲ့တဲ့ အထူးသဖြင့်တော့ မိုးရေချိန်ပေါ့နော်။ ရွာတဲ့မိုးပေါ် အခြေခံပြီးတော့ တွက်ကြတာ။ နှစ်တစ်ရာမှာ ရေဘယ်လောက်ကျော်မလဲ နှစ်တစ်ထောင်မှာ ရေဘယ်လောက်ကျော်မလဲ နှစ်တစ်သောင်းမှာ ရေဘယ်လောက်ကျော်မလဲ သာမန်အားဖြင့် ကျွန်တော်တို့ကတော့ လုံခြံုဖို့အတွက် တွက်တာပေါ့နော်။

တိုးတက်တဲ့နိုင်ငံတွေမှာဆို အခု ကျွန်တော်တို့ တွဲလုပ်နေတဲ့ နယ်သာလန်အဖွဲ့တွေမှာဆို၇င် တာတွေ ရေမကျော်အောင်လို့ နှစ် ထောင်ကျော်လောက်ထိ ကျွန်တော်တို့ကတော့ နှစ် ၂၀ ကျော်   လောက်ထိ ကျော်မယ့်ဟာကိုပဲ စဉ်းစားတယ် နှစ် ၁၀၀၀ လောက်ကျော်အောင် စဉ်းစားတယ် အပိုင်းတွေ ဒါက ခေတ်မှီတဲ့နိုင်ငံတွေပေါ့နော်။ ကျွန်တော်တို့ကတော့ တမံတွေကို နှစ် တစ်ထောင်လောက်ထိ တွက်ထားတာရှိပါတယ်။ အဲလိုတွက်ဖို့အတွက်ကို ကျွန်တော်တို့က မိုးရေချိန်တွေကို အခြေခံရတယ်။ အခြေခံပြီးတော့ ပုံမှန် ကျွန်တော်တို့က သီအိုရီတွေရှိတယ်လေ။ ရှိတော့ အဲဒီသီအိုရီတွေအရ လုပ်ကြတာပေါ့နော်။ကျွန်တော်တို့က ဆည်တွေတမံတွေမှာတော့ ရေလှောင်ဖို့အတွက် တွက်သလို ကျွန်တော်တို့က အရည်အသွေးကို ထိန်းချုပ်မှုတွေလည်း အဖွဲ့အစည်းအလိုက် ရှိပါတယ်။  

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/29713

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly