ရန်ကင်းကလေးဆေးရုံသို့ N95 Mask အခုရေ (၅,၅၀၀) ဧရာဝတီဖောင်ဒေးရှင်း မှ လှူဒါန်း

ရန်ကင်းကလေးဆေးရုံသို့ N95 Mask အခုရေ (၅,၅၀၀) ဧရာဝတီဖောင်ဒေးရှင်း မှ လှူဒါန်း

ရန်ကုန် ၊ ဇူလိုင် ၂၇ ။                   ။ ရာသီတုပ်ကွေးရောဂါ ကာကွယ်ကုသရန်အတွက် ရန်ကင်းကလေး ဆေးရုံသို့ N95 Mask အခုရေ (၅,၅၀၀) အပါအဝင် ကုသကာကွယ်ရေး ပစ္စည်းများကို ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်က ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ရန်ကင်းကလေးဆေးရုံသို့  သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင် အပါအဝင် ဆရာဝန်ကြီးများနှင့်တွေ့ဆုံပြီး ရာသီတုပ်ကွေးရောဂါ H1N1 ကာကွယ်ကုသရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သတင်းထုတ်ပြန်ထားသည်။

ရာသီတုပ်ကွေးရောဂါ H1N1 ကာကွယ်ကုသရာတွင် လိုအပ်သည့် သွေးအတွင်းရှိ အောက်ဆီဂျင်ပမာဏ တိုင်းတာသည့် ကိရိယာငယ် ၊ ကိုယ်ခံစွမ်းအားမြှင့်တင် ကာကွယ်ဆေးများ ၊ ရာသီတုပ်ကွေးကာကွယ်ဆေးပြားများ ၊ ခွဲစိတ်ခန်းသုံး ၀တ်ရုံများနှင့် နှာခေါင်းစည်းမျက်နှာဖုံး N95 Mask အခုရေ(၅,၅၀၀) ကို ပံ့ပိုးပေးခဲ့သည် ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အဆိုပါရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်  ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး လိုအပ်သည်များကို ပံ့ပိုးပေးသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required