အင်ဒိုနီးရှားတွင် တောမီးလောင်ရာမှ မီးခိုးမွှန်ခြင်းကြောင့် လူဒါဇင်များစွာ ဆေးရုံရောက်

အင်ဒိုနီးရှားတွင် တောမီးလောင်ရာမှ မီးခိုးမွှန်ခြင်းကြောင့် လူဒါဇင်များစွာ ဆေးရုံရောက်

ဂျကာတာ၊ ဇူလိုင် ၂၇ ။              ။ အင်ဒိုနီးရှား အာချီပြည်နယ်အတွင်း တောမီးလောင်ရာမှ မီးခိုးမွှန်ခြင်းများဖြစ်၍ အဆုတ်ရောဂါကုသရေးအတွက် လူဒါဇင်များစွာ ဆေးရုံတင်ထားကုသရာတွင် ကလေးငယ်များ ပါဝင်လျက်ရှိသည်။

ပြည်နယ်အတွင်း ကျောင်းနေအရွုယ် ကလေးတစ်ချို့က မျက်နှာဖုံးပါးစပ်စည်းများဖြင့် ကျောင်းသို့ သွားနေကြသည်ကို မြင်တွေ့ရသော်လည်း တစ်ချို့ကျောင်းများကို ပိတ်ထားရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် တောမီးလောင်ကျွမ်းသည့် နေရာ ၃၅ နေရာရှိရာ သစ်တော ဟတ်တာ ရ၀ ကျော် ပျက်စီးကြောင်း အမျိုးသားသဘာဝဘေးအေဂျင်စီက ပြောသည်။

“တောင်ယာခုတ်ထွင် ရှင်းလင်းရာကနေ လောင်တဲ့ တောမီးပါ။ တောင်ယာမြေကို မီးရှို့ပြီး ရှင်းလင်းကြတဲ့ ရိုးရာဓလေ့အတိုင်း လုပ်ကြရာကနေ မီးက ပျံ့နှံ့သွားတာဖြစ်ပါတယ်။”ဟု ယင်းအေဂျင်စီ ပြောခွင့်ရသူ ပါနိုက ပြောသည်။

ပြည်သူများကို တောင်ယာမီးရှို့ရာတွင် စောင့်ကြည့်မှု မပြတ်ရန်၊ အထူးသဖြင့် လက်ရှိခြောက်သွေ့ရာသီတွင် အလွယ်တကူ မီးကူးစက်လောင်ကျွမ်းနိုင်ရာ သတိပေးထားရကြောင်း ၄င်းက ဖြည့်စွက်ပြောသည်။

အာဏာပိုင်များအနေဖြင့်လည်း မီးကို ငြိမ်းသတ်နိုင်ရေး လုပ်ဆောင်နေပြီး ခြောက်သွေ့ရာသီက လများစွာ ရှိနေဦးမည်ဖြစ်ရာ တောမီး ပြင်းထန်ဆိုးဝါးလာမည်ကို သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required