ဂျူဗီတပ်စ်မှ စလီကာကို စကော့တလန်ကလပ် ဟိုက်ဘာနေရမ်အသင်း (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူ

ဂျူဗီတပ်စ်မှ စလီကာကို စကော့တလန်ကလပ် ဟိုက်ဘာနေရမ်အသင်း (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - ဟိုက်ဘာနေရမ်)

ဟိုက်ဘာနေရမ်အသင်းဟာ စီးရီးအေချန်ပီယံ ဂျူဗီတပ်စ်မှ လစ်သူနေယား ကစားသမား ဗက်ကင်တက်စ် စလီကာကို (၃)နှစ် စာချုပ်,ချုပ်ဆိုခဲ့ကြောင်း စကော့တလန် ပရီးမီးယားလိဂ်ကလပ် အသင်းက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

စကော့တလန်ကလပ်အသင်းက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ၎င်းတို့ရဲ့ (၇)ဦးမြောက် ခေါ်ယူတဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေး အသေးစိတ် အချက်အလက်များအကြောင်းကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

"ကျနော် ဟိုက်ဘာနေရမ်အသင်းနဲ့ လက်မှတ်ရေးခဲ့ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒါဟာ ကျနော့်ကစားသမားဘဝမှာ နောက်ထပ် ခြေလှမ်းဖြစ်ပြီး ကျနော် ကလပ်အသင်းနဲ့ ပူးပေါင်းရမှာဖြစ်တဲ့အတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။"လို့ အသက် ၂၂ နှစ်အရွယ် စလီကာက အသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဂျူဗီတပ်စ်လူငယ်အသင်းကို ပူးပေါင်းခဲ့ဖူးတဲ့ ဆလီကာဟာ အီတလီချန်ပီယံအသင်းရဲ့ ပထမအသင်းဆီ ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့တဲ့နောက်ပိုင်း အသင်းများစွာထံ အငှားချခံရပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်က လစ်သူနေယားအသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး နိုင်ငံတကာပွဲတွေကို အသက် ၁၈ နှစ်ကတည်းက ကစားခဲ့ကာ (၁)ဂိုး သွင်းယူခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required