ရန်ကုန်မြို့မှာ တက္ကစီ ရှိသင့်တဲ့အရေအတွက် တိုင်းအစိုးရမှ စီစစ်နေ

ရန်ကုန်မြို့မှာ တက္ကစီ ရှိသင့်တဲ့အရေအတွက် တိုင်းအစိုးရမှ စီစစ်နေ

ရန်ကုန်၊ ဇူလိုင် ၂၆ ။            ။ ရန်ကုန်မြို့မှ တက္ကစီအရေအတွက်တွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်နေတယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ဇူလိုင်၂၆ ရက်နေ့ ၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ Grab တက္ကစီမိတ်ဆက်ပွဲမှာ ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ တက္ကစီနယ်ပယ်ကို ပြန်ကြည့်လိုက်ရင် တက္ကစီအရေအတွက်ဟာ အလွန်များပြားတယ်လို့ ကျွန်တော်တို့ကို နယ်ပယ်အသီးသီးက ပြောပါတယ် ။ ဒါကြောင့်မို့ တက္ကစီကို ဘယ်လောက် အနေအထားလောက် အရေအတွက်လောက် ထားသင့်သလဲဆိုတာကို ကျွန်တော်တို့ လေ့လာဆန်းစစ်မှုတစ်ခုပြုနေပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

Grab တက္ကစီမိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်တို့ ပါဝင်တက်ရောက်ခဲ့ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြိးအစိုးရအဖွဲ့ဟာ ရန်ကုန်မြို့လူဦးရေငါးသန်းနီးပါးရဲ့ ဝန်ဆောင်မှုတွေကိုပေးနိုင်တဲ့ YBS လို ဘတ်စ်ကားစနစ် ၊ တက္ကစီလို အငှားယာဉ်စနစ် ၊ မြို့ပတ်ရထားလို ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ် Water Taxi နဲ့ Water Bus လိုပြေးဆွဲပေးနိုင်မယ့်စနစ်တွေကို ရန်ကုန်မှာ ကျင့်သုံးသွားဖို့ လုပ်ဆောင်နေတာပါ။

ဒီ စနစ်တွေအားလုံးကို ရန်ကုန်တိုုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ YRTA ကပဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပြီး တက္ကစီတွေပါ ပါ၀င်တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင် တက္ကစီ ၆၈၀၀၀ ကျော်ရှိနေသည်ဟု ကညနမှ သိရပြီး အဆိုပါစာရင်းထက် ယခုပိုများလာနိုင်ဖွယ်ရာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required