ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည့်အတွက် ပရိသတ်များအား ဂျက်စတင်ဘီဘာတောင်းပန်

ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည့်အတွက် ပရိသတ်များအား ဂျက်စတင်ဘီဘာတောင်းပန်

နာမည်ကျော်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာသည် ဖျော်ဖြေရန်ကျန်ရှိနေသေးသော သူ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲအစီအစဉ်ကို ရုတ်တရုတ် ဖျက်သိမ်းလိုက်ရသည့်အတွက် ပရိတ်သတ်များအား တောင်းပန်ခဲ့ပြီး ၂နှစ် နီးပါးခန့် ရှိုးပွဲများ၌ ဆက်တိုက်သီဆိုနေရသောကြောင့် အနားယူဖို့လာအပ်လာ၍ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

သူ၏ မန်နေဂျာဖြစ်သူ စကူတာဘရောန်ကလည်း ဂျက်စတင်ဘီဘာ၏ ကျန်းမာရေးသည် အရေးကြီးသော ဦးစားပေးအရာဖြစ်သောကြောင့် ယခုလိုဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း တောင်းပန်စကားဆိုခဲ့သည်။

Purpose ဟုအမည်ပေးထားသော ဂျက်စတင်ဘီဘာ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် နိုင်ငံကြီးများမှ မြို့ကြီးများ၌ ဖျော်ဖြေရန် ရှိုးပွဲ ၁၄ပွဲခန့် ကျန်ရှိနေသော်လည်း ပွဲဖျက်သိမ်းခဲ့သောကြောင့် ပရိသတ်များကြား၌ စိတ်ပျက်မှုများ၊ စိုးရိမ်မှုများ ရောထွေးနေခဲ့ရသည်။

၂၃နှစ်အရွယ်ရှိ ဂျက်စတင်ဘီဘာသည် လွန်ခဲ့သော မတ်လ ၂၀၁၆ခုနှစ်ကတည်းက ကမ္ဘာလှည့်၍ ဖျော်ဖြေပွဲ များ စတင်ပြုလုပ်နေခဲ့ပြီး စုစုပေါင်း ရှိုးပွဲ ၁၅၀ခန့် သီဆိုဖျော်ဖြေခဲ့သည်။

ယခုလို ဖျက်သိမ်းမှုနှင့် ပတ်သက်၍ ဂျက်စတင်ဘီဘာသည် နာမည်ကြီးဝက်ဘ်ဆိုက် TMZ.com တွင် ဗီဒီယိုဖိုင် တစ်ခုကို တင်ခဲ့သည်။

ထိုဗီဒီယိုဖိုင်ထဲ၌ “ ကျနော်ကမ္ဘာလှည့်ဖျော်ဖြေနေတာ ခုဆိုရင် ၂နှစ်နီးပါးခန့်ရှိပါပြီ။ ခင်ဗျားတို့ကို ကျနော်ချစ်ပါ တယ်။ ခင်ဗျားတို့ကို စိတ်ပျက်စေခဲ့မယ်၊ စိတ်ရှုပ်စေခဲ့မယ်၊ သစ္စာဖောက်ခံရသလို ခံစားရစေခဲ့မယ်ဆိုရင် ကျနော် စိတ်မကောင်းပါဘူး။ ကျနော့်စိတ်ထဲမှာ အဲ့လိုခံစားရစေဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သာယာဖွယ်နေ့လေး ဖြစ်ပါစေ” ဟု ပြောဆိုကာ ပရိသတ်များအား တောင်းပန်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required