မင်္ဂလာဒုံတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

မင်္ဂလာဒုံတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
ဓာတ်ပုံ - ကိုထင်လင်းအောင်

ရန်ကုန်၊ ဇူလိုင်လ ၂၆ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီအေးသာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်၊ ည ၁၁ နာရီ၊ ၄၅ မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့မရဲစခန်းမှ ဖုန်းဆက်အကူအညီ တောင်းသဖြင့် ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ခဲ့ရာ အဆိုပါ ရွှေနှင်းဆီအေးသာယာရပ်ကွက်၊ ၆ လမ်းရှိ နေအိမ်တစ်အိမ်တွင် အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့နေသည်ကို မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

“ သေဆုံးသူအမျိုးသမီးကို လက်ရှိသူနေတဲ့ အိမ်အပေါ်ထပ်မှာ ကြိုးနဲ့ ကြိုးဆွဲချသေဆုံးတဲ့အနေအထားကို တွေ့ရှိ တယ်ဗျ။ ဘာကြောင့်သေဆုံးတယ်ဆိုတာက လက်ရှိကတော့ ရဲက ဆက်လက်စုံစမ်းနေဆဲပေါ့။ သူ့ရဲ့အမျိုးသားကိုလည်း ခေါ်ယူစစ်ဆေးတယ်။ ပတ်ဝန်းကျင်က မြင်တဲ့၊ ကြားတဲ့သူတွေကိုလည်း ရဲက ခေါ်ယူစစ်ဆေးတယ်လို့ သိရတယ်။ ပတ်ဝန်းကျင်ပြောပြချက်အရရယ်၊ သေဆုံးသူမိခင်ပြောပြချက်အရရယ် သူ့ယောကျင်္ားက အချိန်တိုင်း အရက်သောက်တတ်တဲ့ အကျင့်ရှိတယ်။ မူးလာပြီးဆိုရင် မိန်းမကို ရိုက်နှိက် ခြိမ်းခြောက်တာတွေရှိ တယ်လို့ ပြောပါတယ်။ သေဆုံးသူက စက်ချုပ်တယ်။ အိမ်ပေါ်မှာလည်း စက်ချုပ်တဲ့ ပစ္စည်းတွေ တွေ့ရတယ်။ သားနှစ်ယောက်လည်း ကျန်ခဲ့တယ်”ဟု ကိုထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသမီးအလောင်းအား မင်္ဂလာဒုံမြို့မရဲတပ်ဖွဲ့မှ ပြင်ပဒဏ်ရာများအား စစ်ဆေးပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်သိရှိစေရန်အတွက် ရဲဆေးစာနှင့်အတူ မေဓါဝီဆေးရုံးမှုခင်းဌာနသို့ ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့မှ ကူညီပို့ဆောင်ကာ PR22 ဖြင့် အလောင်း အပ်နှံထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required