ရွှေတောင်မြို့တွင် သေနတ် ဟောင်းတစ်လက် သိမ်းဆည်းရမိ

ရွှေတောင်မြို့တွင် သေနတ် ဟောင်းတစ်လက် သိမ်းဆည်းရမိ

ရွှေတောင်၊ ဇူလိုင် ၂၆ ။             ။ ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့တွင် ဇူလိုင် ၂၅ ရက်က ရေတွင်းပျက်တစ်ခုအတွင်းမှ သေနတ်ဟောင်း တစ်လက် ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်ဆည်ကြီးကုန်းအုပ်စု ဖိုးခေါင်ကျေးရွာ ညစျေးတန်းလမ်း ဦးပေါက်ကြီး(ခ) ဦးလှမြင့် ပိုင် စိုက်ပျိုးရေးခြံ အတွင်းရှိ အသုံးမပြုသည်မှာကြာပြီဖြစ်သော   ရေတွင်းပျက်အတွင်းရှိ   ရေပုပ်ရေဟောင်းများ အား ရေစုပ်စက်ဖြင့် ပြန်လည်စုတ်ယူခဲ့သည်။

ရေတွင်းပျက်ကြမ်းပြင်မှ MADE IN ITALY RINGO MOD.1887 အသားတံဆိပ်ပါ လက်ကိုင်သစ်သားရိုးတပ် ၊ ကျဉ်(၉)လုံးထည့် ဆုံလည်ပါ (အသုံးပြုမရ) ၊ အရှည်(၈)လက်မခန့် လုံးပတ်(၁.၅) စင်တီမီတာရှိ အစိမ်းပုတ်ရောင် သေနတ်ဟောင်းတစ်လက်အား တွေ့ရှိခဲ့ရသည်။

သေနတ်ဟောင်းတစ်လက် တွေ့ရှိကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရဲမြတ်သူမှ တဆင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရွှေတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့သည်။

အဆိုပါ သေနတ်အား ဒုရဲအုပ်နေဇော်က သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ  အမှတ် (၅၀၉) အမြောက်တပ်ရင်း ၊ ဘို့လည်ကုန်းကျေးရွာရွှေတောင်မြို့သို့ အပ်နှံခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required