လူငါးဦးကို သံကြိုးစက်လွှဖြင့် တိုက်ခိုက်ခဲ့သော တရားခံအား ဆွစ်ဇာလန်ရဲများဖမ်းဆီး

လူငါးဦးကို သံကြိုးစက်လွှဖြင့် တိုက်ခိုက်ခဲ့သော တရားခံအား ဆွစ်ဇာလန်ရဲများဖမ်းဆီး

ဂျနီဗာ၊ ဇူလိုင် ၂၆ ။              ။ ဆွစ်ဇာလန်နိုင်ငံမြောက်ပိုင်းရှိ စကက်ဖ်ဟောက်ဆန်မြို့တွင် လူငါးဦးကို သံကြိုးစက်လွှဖြင့်တိုက်ခိုက်ခဲ့သော ကြောင့် နိုင်ငံတကာ၌ ဖမ်းဝရမ်းထုတ်ခံထားရသည့် အမျိုးသားတစ်ဦးကို အင်္ဂါနေ့ညက ဇူးရစ်မြို့မှ နယ်မြေခံရဲ များသည် လက်ရဖမ်းဆီးနိုင်ခဲ့သည်။

စကက်ဖ်ဟောက်ဆန်မြို့မှ ရဲတပ်ဖွဲ့က ဇူးရစ်မြို့အတွင်းမှ နယ်မြေခံရဲများသည် အဆိုပါတရားခံကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း အတည်ပြုခဲ့သော်လည်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

အသက် ၅၁နှစ်အရွယ်ရှိ တရားခံသည် တိုက်ခိုက်မှုပြီးနောက်တွင် လျှင်မြန်စွာထွက်ပြေးသွားခဲ့ပြီး လုံခြံုရေး တပ်ဖွဲ့များက အဆင့်မြင့်နည်းပညာများ အသုံးပြုပြီးရှာဖွေခဲ့သည့်တိုင်အောင် သူ့ကို တစ်ရက်ခွဲခန့် ရှာတွေ့ခဲ့ ခြင်းမရှိကြောင်း သိရသည်။

အင်္ဂါနေ့မနက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံသည် အဆိုပါတရားခံကို ဖမ်းဆီးရန်အတွက် နိုင်ငံတကာ၌ ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ထိုတရားခံကို စကက်ဖ်ဟောက်ဆန်နှင့် ဇူးရစ်နယ်မြေများတွင် ရဲအင်အား ၁၀၀ခန့်ဖြင့် လိုက်လံ ရှာဖွေနေခဲ့ကြသလို ဆွစ်အေးဂျင့်များကလည်း ဂျာမန်ရဲတပ်ဖွဲ့ထံမှ အကူအညီတောင်းခံခဲ့သည်။

တိုက်ခိုက်ခံရသူ ငါးဦးထဲမှ တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူ့ကို ဆေးရုံ၏အထူးကြပ်မတ်ဆောင်၌ ကုသပေးထားရကာ ယခုအခါ စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက်တွင် တရားခံသည် ကားမောင်း၍ ထွက်ပြေးသွားခဲ့ပြီး ထို့နောက်တွင် ကားကိုစွန့်ပစ်ကာ ပုန်းအောင်းနေခဲ့သည်။ သူသည် ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တို့ကလည်း လက်နက်ကိုင်ဆောင်မှုဖြင့် ပြစ်ဒဏ်နှစ် ကြိမ်ခန့် ချမှတ်ခံခဲ့ရသူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required