ပြင်သစ်ကစားသမား ဂျော်ဒန် ဗီရာတဲလ်ကို ဖီအိုရင်တီးနားအသင်း (၄) နှစ်စာချုပ်နဲ့ ခေါ်ယူ

ပြင်သစ်ကစားသမား ဂျော်ဒန် ဗီရာတဲလ်ကို ဖီအိုရင်တီးနားအသင်း (၄) နှစ်စာချုပ်နဲ့ ခေါ်ယူ
(ဓာတ်ပုံ - ဖီအိုရင်တီးနား)

ဖီအိုရင်တီးနားဟာ အက်စတွန်ဗီလာမှ ပြင်သစ်ကစားသမား ဂျော်ဒန် ဗီရာတဲလ်ကို ၅ နှစ်အထိ သက်တမ်းတိုးခွင့်ပါတဲ့ ၄ နှစ်စာချုပ်,ချုပ်ဆိုခဲ့ကြောင်း အသင်းက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၈ နေရာမှာ ရပ်တည်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ အီတလီ စီးရီးအေကလပ်အသင်းထံမှ အပိုဆုကြေးအပါအဝင် ယူရို ရ သန်း ရရှိခဲ့ပါတယ်။

"ကျနော်အတွက် ကြီးကျယ်ခမ်းနားတဲ့ နေ့ဖြစ်ပါတယ်။ ဖီအိုရင်တီးနားအတွက် ကျနော်ရဲ့ အကောင်းဆုံးတွေကို ပေးဆပ်ဖို့ အဆင်သင့်ပါပဲ"လို့ ဗီရာတဲလ်က အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်ကလပ် နန့်စ်အသင်းနဲ့ စတင်ခဲ့ပြီး အဲဒီအသင်းအတွက် ၁၄၆ ပွဲ ကစားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ဗီရာတဲလ်ဟာ အက်စတွန်ဗီလာထံ ဖော်ပြထားခြင်းမရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ၅ နှစ် စာချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းအတွက် ၂၅ ပွဲသာ ကစားခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက St Etienne အသင်းထံ အငှားနဲ့ သွားရောက်ခဲ့ပြီး လီဂူ ၁၊ ယူရိုပါလိဂ်နှင့် ပြင်သစ်ဖလားပြိုင်ပွဲတွေမှာ ၄၃ ပွဲကစား၊ ၄ ဂိုးသွင်းယူပြီး ဂိုး ၅ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required