လာအိုမူးယစ်ရာဇာနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၃၀ ဖိုးအား ထိုင်းရဲ ဖမ်းဆီးရမိ

လာအိုမူးယစ်ရာဇာနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၃၀ ဖိုးအား ထိုင်းရဲ ဖမ်းဆီးရမိ

ဘန်ကောက်၊ ဇူလိုင် ၂၅ ။             ။ လာအိုမူးယစ်ရာဇာနှင့် ဆက်နွယ်မှုရှိသည်ဆိုသော ဘန်ကောက်မြို့ဝန်းကျင်က အိမ်များမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးရှိ မက်သာဖီတမင်းဆေးပြား၊ အိုက်စ်ဆေးပြားနှင့် စိတ်ကြွရူးသွပ်ဆေးရည် အမြောက်အမြားကို ထိုင်းင်းရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်က ကြေညာသည်။

အဆိုပါ နှစ်ရက်တာစစ်ဆင်မှုအတွင်း အိုက်စ်ဆေးပြား ၁၃၂ ပေါင်နှင့် မူးယစ်ဆေးရည် ပုလင်း ထောင်ပေါင်းများစွာနှင့်အတူ ထိုင်းကိုးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

အိုက်စ်ဆေးပြားသည် မီးမြိုက် ရှုရှိုက်လျှင် မက်သာဖီတမင်းဆေးပြားထက် အာနိသင် ပိုပြင်းပြီး ထိုင်းတွင် ယာဘဆေးပြားဟု ခေါ်ကြကာ အခြားအရှေ့တောင်အာရှ ဒေသများတွင်လည်း ယင်းဆေးပြားများ လှိမ့်ဝင်လျက် ရှိသည်။

"ခုဆေးပြားတွေကို ဂိုထောင်တွေမှာ ဝှက်သိမ်းထားတာပါ။ လက်သေးအရောင်းသမားတွေဆီ ဖြန့်ဖို့ စောင့်နေတဲ့အချိန်မှာ ဖမ်းလိုက်နိုင်တာပါ။"ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုမှ ဝတ်တီပေါင်က ပြောပြီး ယခုမူးယစ်ဆေးဝါးများသည် မှောင်ခိုပေါက်စျေး ထိုင်းဘတ် တစ်ဘီလီယံ(ဒေါ်လာ သန်း ၃၀) ဖိုးခန့် ရှိမည်ဟု ခန့်မှန်းသည်။

"အခု မူးယစ်ဂိုဏ်းရဲ့ ထိပ်ပိုင်းတွေဟာ မူးယစ်ရာဇာ Xaysana နဲ့ အခြားသူတွေနဲ့ပါ ဆက်နွယ်မှု ရှိထားပါတယ်။"ဟု ဇန်နဝါရီလအတွင်း ထိုင်းလေဆိပ်တစ်ခုတွင် ဖမ်းမိခဲ့သော အသက် ၄၂ နှစ်ရှိ လာအိုမူးယစ်ရာဇာကို ရည်ညွန်းကာ ဝတ်တီပေါင်က ပြောခဲ့သည်။

Mr.X  ဟုလည်း အမည်ကင်ပွန်းတပ် အခေါ်ခံရသူ Xaysana သည် ရွှေတြိဂံနယ်မြေမှ မူးယစ်ဆေးပြားများအား လာအိုရှိ ၎င်း၏ လျှိုဝှက်စခန်းမှနေ၍ ထိုင်းနှင့် မလေးရှားသို့ တင်သွင်းနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က စွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required