ရွှေ့ပြောင်းနေထိုင်သူများကို ကုန်တင်ယာဉ်အတွင်း၌ ပိတ်လှောင်ပြီးခေါ်ဆောင်ခဲ့သော ယာဉ်မောင်းအား တရားစွဲဆို

ရွှေ့ပြောင်းနေထိုင်သူများကို ကုန်တင်ယာဉ်အတွင်း၌ ပိတ်လှောင်ပြီးခေါ်ဆောင်ခဲ့သော ယာဉ်မောင်းအား တရားစွဲဆို

ချီကာဂို၊ ဇူလိုင် ၂၅ ။                 ။ တက္ကဆက်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ကုန်တင်ယာဉ်နောက်တွဲအတွင်း၌ ပိတ်လှောင်၍ ခေါ်ဆောင်ခဲ့သော ယာဉ်မောင်းဖြစ်သူအား လူသေဆုံးမှုအတွက် အမေရိကန်အာဏာပိုင်များက တနင်္လာနေ့တွင် တရားစွဲဆိုခဲ့ပြီး သေဆုံးသည့် ရွှေ့ပြောင်းနေထိုင်သူစာရင်းမှာလည်း ၁၀ဦးအထိ မြင့်တက်လာ ပြီဖြစ်သည်။

ဆယ်ယောက်မြောက်ဖြစ်သည့် ရွှေ့ပြောင်းနေထိုင်သူအမျိုးသားသည် ဆေးရုံ၌လွန်ခဲ့သော ညကကွယ်လွန်ခဲ့ သောကြောင့် သေဆုံးသူစာရင်း မြင့်တက်လာခြင်းဖြစ်ကြောင်း အမေရိကန်ရှေ့နေရုံးမှ ထုတ်ပြန်ကြေညာခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ခေါ်ဆောင်လာမှုအတွက် ဂျိမ်းစ်မက်သရူးဘရက်ဒလေ ဟုခေါ်သော အသက် ၆၀အရွယ် ယာဉ်မောင်းဖြစ်သူကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။

အာဏာပိုင်များ၏အဆိုရ တရားခံကို တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သူများကို တနင်္ဂနွေနေ့ မနက်ပိုင်းက မက္ကစီကိုနယ်စပ်နှင့် နှစ်နာရီခန့်ကွာဝေးသော ဆန်အန်တိုနီယိုမြို့မှ ဝေါလ်မာ့တ်ကားပါကင်အတွင်း၌ ရပ်နားထားသော ကုန်တင်ယာဉ်တစ်စီး အတွင်းတွင်  ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် တက္ကဆက်၏ ပူပြင်းသောနေရောင်အောက်တွင် ရပ်နားထားသည့် ကုန်တင်ကား၏ နောက်တွဲယာဉ်၌ အပြည့်အသိပ်ထည့်ထားသော ရွှေ့ပြောင်းနေထိုင်သူ ၃၉ဦးကို ရှာတွေ့ခဲ့ပြီး ယာဉ်၏အအေး ပေးသောစနစ်မှာလည်း ချို့ယွင်းနေသောကြောင့် မွန်းကြပ်ပြီး ယခုလိုသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်တွင်းလုံခြံုရေးဌာနမှ အကြီးအကဲဖြစ်သူ ဂျွန်ကယ်လီက ရွှေ့ပြောင်းနေထိုင်သူများ ယခုလို သေဆုံးရခြင်းသည် မိုက်မဲခြင်းကြောင့်ဖြစ်ပြီး လူကုန်ကူးသည့် အချိတ်အဆက်များ၏ လက်ချက်ကြောင့်ဖြစ် ကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းနေအရွယ်ကလေးနှစ်ဦးအပါအဝင် ရှာတွေ့သောရွှေ့ပြောင်းနေထိုင်သူ ၃၉ဦးခန့်သည် ရေဓာတ်ခမ်း ခြောက်ခြင်း၊ အပူလျှပ်ခြင်းတို့ကြောင့် ဆေးရုံသို့ ပို့ဆောင်ပြီးကုသပေးထားရကာ တစ်ဒါဇင်ကျော်ခန့်မှာ စိုးရိမ်ရ သော အခြေအနေတွင်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly