ရန်ကုန်စျေးကွက်ထဲရှိ သောက်ရေသန့်များကို FDA ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်စျေးကွက်ထဲရှိ သောက်ရေသန့်များကို FDA ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်၊ ဇူလိုင်လ ၂၅ ။                ။ ရန်ကုန်မြို့ စျေးကွက်ထဲတွင် အသုံးပြုရောင်းချနေသော သောက်ရေသန့်များကို  သတ်မှတ်ထားသော  စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားခြင်း ရှိမရှိ FDA မှ ရှောင်တခင် စစ်ဆေးသွားမည်ဟု သိရသည်။

"အစားအသောက်ကျင့်စဉ်နဲ့ မညီဘူးဆိုရင်တော့ အပိတ်ခံရမှာဖြစ်ပါတယ်။အခု ပထမဦးဆုံးအဆင့် အနေနဲ့တော့ တစ်ပတ်(၇)ရက် နဲ့ စပိတ်ထားပါတယ်" အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောလှကပြောသည်။ 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)အနေဖြင့် ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်သည့် အခါတွင်  ထောက်ခံချက်မရှိသော လုပ်ငန်းများ၊ ထောက်ခံချက်စီစစ်ဆဲလုပ်ငန်းများနှင့်   ထောက်ခံချက် ရရှိပြီးသားလုပ်ငန်း တွေကိုပါ စစ်ဆေးသွားမည်ဟု သိရသည်။

အရည်အသွေးမမှီသည့်အတွက် အပိတ်ခံရသော စက်ရုံများသည် အရည်အသွေးပြည့်မှီစွာထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။

"စက်ရုံအင်္ဂါရပ်နဲ့လည်း ညီရမှာဖြစ်သလို သူတို့ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးပြီးသား ဖြစ်ရပါမယ်။ ဒီအပိုင်းတွေကို သူတို့ တာဝန်ယူနိုင်မှုကို ပြန်လည်စီစစ်ပြီးမှသာ သူတို့ကို   ပြန်လည်ရောင်းချခွင့် ပေးမှာ ဖြစ်ပါတယ်။ ကျေနပ်ဖွယ်မရှိရင် ဆက်ပိတ်ထားမှာဖြစ်ပါတယ်" ဟု အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန ရန်ကုန်၏ညွှန်ကြားရေးမှူး   ဒေါက်တာခင်စောလှက   ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရည်အသွေးမပြည့်မှီသော သောက်ရေသန့် စက်ရုံများကို ပိတ်သိမ်းခဲ့ပါသည်။  ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်နေသော စက်ရုံ (၆) ရုံကို  FDA မှ စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် ရေသန့်လုပ်ငန်းစက်ရုံ ၃၀၀ ရှိပြီး ၎င်းတို့ကို FDA မှ စီစစ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required