ဂျပန်နိုင်ငံက အကြီးစား Bank of Tokyo-Mitsubishi UFJ ဘဏ် မြန်မာနိုင်ငံတွင် ပထမဆုံး ငွေချေးဘဏ် ဖြစ်လာ

ဂျပန်နိုင်ငံက အကြီးစား Bank of Tokyo-Mitsubishi UFJ ဘဏ် မြန်မာနိုင်ငံတွင် ပထမဆုံး ငွေချေးဘဏ် ဖြစ်လာ

ဂျပန်နိုင်ငံက အကြီးစား Bank of Tokyo-Mitsubishi UFJ ဘဏ်သည် ၂၀၁၁ ခုနှစ်မှစကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဆုံး ဒေသတွင်း ငွေကြေး ထုတ်ချေးသည့် နိုင်ငံခြားဘဏ် ဖြစ်လာသည်။

ဂျပန် Mitsubishi UFJ Financial Group မှ ယူနစ်က ဂျပန်ကုန်သွယ်ရေးရုံးနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြား အကျိုးတူ ဖက်စပ်လုပ်ငန်းတစ်ရပ်သို့မြန်မာကျပ်ငွေ သန်း ၉၀၀ (အမေရိကန်Aဒါ်လာ ၇,၂၉၀,၀၀၀) ကို သြဂုတ် ၅ ရက်က ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။ ယခင်က ကျပ်ငွေထုတ်ချေးသည့် နိုင်ငံတကာ ဘဏ်များမရှိခဲ့ဘဲ မိတ်ဖက်အကျိုးတူ ပူးပေါင်း ဘဏ်များမှသာ ကျပ်ငွေ ထုတ်ချေးခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်း အများစုမှာ ကျပ်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ ထို ကြောင့် ကျပ်ငွေသည် နိုင်ငံခြားသားပိုင်ကုမ္ပဏီများအတွက် လိုအပ်ချက် မြင့်မားနေကြောင်း Bank of Tokyo-Mitsubishi UFJ က ပြောသည်။

နောက်ပိုင်း လာမည့်သီတင်းပတ်များအတွင်း ဂျပန်အကြီးစား ဘဏ်တစ်ခုဖြစ်သည့် Sumitomo Mitsui Banking Corp. ကလည်း ကျပ်ငွေ ထုတ်ချေးရန် အစီအစဉ် ရှိသည်။ ဂျပန် Asahi Group Holdings ကုမ္ပဏီနှင့် ဒေသတွင်း Loi Hein ကုမ္ပဏီတို့၏ အကျိုးတူဖက်စပ်လုပ်ကိုင်သည့် အချိုရည် လုပ်ငန်းအတွက် ချေးငွေ ဆယ်ဆကို ကျပ်ငွေဖြင့် ထုတ်ချေးသွားရန် ရှိသည်။

မြန်မာနိုင်ငံတွင် ဘဏ်မှ ငွေထုတ်ချေးခြင်းကို အပေါင်ပစ္စည်းအဖြစ် အိမ်ယာမြေပိုင်ဆိုင်မှု ထားရသည်။ နိုင်ငံခြားသား စီးပွားရေးသမားများအတွက် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့်မရှိသဖြင့် ဘဏ်မှ ငွေထုတ်ချေးရန် အခက်အခဲရှိသည်။ ထိုသို့ မြေယာပိုင်ဆိုင်မှု အပေါင်တင်ရခြင်းကို ဖြေလျှော့ပေးမှု တစ်ရပ်ကြောင့် ဂျပန်ဘဏ်များသည် ဒေသတွင်း ဘဏ်များမှ ချေးငွေထုတ်နိုင်ကာ ဂျပန်ပိုင် မြန်မာနိုင်ငံက ကုမ္ပဏီများ အတွက် ကျပ်ငွေအကူအညီကို ပေးနိုင်လာပြီဖြစ်သည်။

Bank of Tokyo-Mitsubishi UFJ ဘဏ်သည် ရန်ကုန်တွင် ဧပြီလအတွင်းက စတင်ရုံးခွဲဖွင့် လှစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံခြားပိုင် ငွေချေးဘဏ် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required