အင်ဒိုနီးရှားတွင် စပိဘုတ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီး ကလေးတစ်ဦးအပါအဝင် ရှစ်ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားတွင် စပိဘုတ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီး ကလေးတစ်ဦးအပါအဝင် ရှစ်ဦးထက်မနည်း သေဆုံး

ဇူလိုင် ၂၅ ။                ။ အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်မှာ ဇူလိုင်လ ၂၅ ရက်က စပိဘုတ် စက်လှေတစ်စင်း နစ်မြုပ်ခဲ့လို့ အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတစ်ဦးလည်း ပါ၀င်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ စပိဘုတ်မမြုပ်ခင်မှာ ခရီးသည်တွေ အသက်ကယ်အကျင်္ီမပါဘဲ ယင်းရေယာဉ်ပေါ်ကနေ ရေထဲခုန်ချခဲ့ကြတာကို တွေ့မြင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အဆိုပါ စပိဘုတ်မှာ ခရီးသည် ၅၁ ဦး လိုက်ပါသွားတယ်လို့ သိရပြီး အင်ဒိုဆိပ်ကမ်းတစ်ခုအပြင်ဘက် ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။  

ယခုထက်ထိ သေဆုံးသူ ရှစ်ဦးထိ ရှိနေပြီး ၂၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ခရီးသည်တစ်ချို့ စပိဘုတ်ထဲမှာ ပိတ်မိနစ်မြုပ်သွားဖို့ များနေပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ကျန်ရှိနေသေးတဲ့ ခရီးသည်တွေကို ရှာဖွေဖို့အတွက် ရေတပ်ကယ်ဆယ်ရေးဝန်ထမ်းတွေကို ယင်းစပိဘုတ်နစ်မြုပ်တဲ့ ဧရိယာတစ်ဝိုက် ဖြန့်ကျက်စေလွှတ်ထားကြောင်း အင်ဒိုနီးရှား အရပ်ဘက်ကယ်ဆယ်ရေး အေဂျင်စီပြောခွင့်ရပုဂ္ဂိုလ် Octavianto က ပြောပါတယ်။

အဆိုပါ နစ်မြုပ်စက်လှေကတော့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းက ဘော်နီယိုမြောက်ပိုင်းဒေသမှာရှိတဲ့ Tarakan မြို့ကနေ Tanjung Selor ဒေသဆီကို ဦးတည်ခုတ်မောင်းသွားရင်းကနေ ယခုလို နစ်မြုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required