NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်ကို တိုးမြှင့်ခန့်အပ်

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်ကို တိုးမြှင့်ခန့်အပ်

ရန်ကုန် ၊ ဇူလိုင် ၂၅  ။                   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် ဒေါက်တာမျိုးညွန့် ကို တာဝန်ပေးခန့်အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။

"ဟုတ်ပါတယ်၂၃ ရက်နေ့က လုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ခန့်အပ်လိုက်တာပါ" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၌ အရံဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည့် ဒေါက်တာမျိုးညွန့် သည် လက်ရှိအချိန်၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၆ ဦးအထိ ရှိနေပြီး ဦးဉာဏ်ဝင်း ၊ ဦးဝင်းထိန် ၊ ဦးထွန်းထွန်းဟိန် ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးတို့ ပါ၀င်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required