ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာ ဆိုင်ကယ် စီးခွင့်ပြုစေချင်ပါတယ်

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာ ဆိုင်ကယ် စီးခွင့်ပြုစေချင်ပါတယ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ ကိုစိုးလွင်က မဇ္ဈိမ စာဖက် သူကဏ္ဍကို မေးလ်တစ်စောင်ပေးပို့ခဲ့တာကို လက်ခံရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတဲ့ အကြောင်း အရာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းကြတာကို အာဏာပိုင်အဖွဲ့တွေက ဖမ်းဆီးအရေးယူတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး နေ့စဉ် မင်္ဂလာဒုံဝါယာလက်ကနေ ရန်ကုန်မြို့ထဲမှာရှိတဲ့ ဗိုလ်တထောင်မြို့နယ်ကို ရုံးတက်ရသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သူနေတဲ့အိမ်ကနေ ကားစီးရတဲ့လမ်းမကြီးကို ရောက်ဖို့ မိနစ် ၃၀ ခန့် လမ်းလျှောက်ရတာ ကြောင့် အသွားအပြန် ဆိုင်ကယ်ကယ်ရီ စီးရတယ်လို့ ပြောပါတယ်။ သူ့လိုပဲ နေ့စဉ် ခရီးသွားနေကြရတဲ့ ရပ်ကွက်ထဲက လူတွေလည်း များသောအားဖြင့် အချိန်ကုန်သက်သာတဲ့ ဆိုင်ကယ်ကို စီးကြပါ တယ်။

ဒါပေမယ့် တစ်ခါတလေမှာ စီမံချက်နဲ့ ဆိုင်ကယ်တွေကို ဖမ်းတယ်ဆိုရင်တော့ မစီးကြရဘဲ လမ်းလျှောက်ကြရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးတဲ့သူတွေလာတဲ့ ခဏပဲရှောင်နေကြပေမယ့် ပြန်သွား ရင်လည်း စားဝတ်နေရေးအတွက် ပြန်ပြီးပြေးဆွဲနေကြရတာကို အမြဲတွေ့နေရသလို ဖမ်းဆီးခံရတဲ့သူ တွေအနေနဲ့ကတော့ ဆိုင်ကယ်တွေကို ရေစက်မခဘပဲ လှူလိုက်ရတယ်လို့ ပြောတာကြားရပါတယ်။

ဘာလို့လဲဆိုတော့ အုပ်ချုပ်သူတွေအနေနဲ့ ဆိုင်ကယ်ကို တရားဝင်ခွင့်ပြုချက် ပေးမထားလို့ ဖြစ်ပါ တယ်။ ဆိုင်ကယ်က လိုင်စင်မရှိသလို မောင်းတဲ့သူတွေမှာလည်း များသောအားဖြင့် လိုင်စင်မရှိကြ ဘဲမောင်းနှင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့လယ်ကောင်မှာ ဆိုင်ကယ်မစီးဘဲ ကားစီးဖို့ အဆင်ပြေပေမယ့် ဆင်ခြေဖုံးမြို့နယ်တွေမှာ တော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် အဆင်ပြေလွယ်ကူတဲ့ ဆိုင်ကယ်ကို အသုံးပြုကြရတာ ဖြစ်ပြီး ခွင့်မပြုတဲ့အတွက် လစ်ရင်လစ်သလို အသုံးပြု မောင်းနှင်နေကြရတာကြောင့် လူတွေကို ဥပဒေချိုးဖောက်အောင် ပြုလုပ်ခိုင်းသလို ဖြစ်နေပါတယ်။ တရားဝင် မောင်းနှင့်ခွင့်လိုင်စင် မရှိတဲ့အတွက် လမ်းစည်း ကမ်း၊ ယာဉ်စည်းကမ်းကို နားမလည်ဘဲ ထင်သလို စည်းကမ်းမဲ့ လုပ်နေကြတာကြောင့် ဆိုင်ကယ်နဲ့ လူလိုင်စင်ကို တရားဝင်ခွင့်ပြုလိုက်ရင် နိုင်ငံတော်အတွက် တရားဝင်အခွန်ဝင်ငွေလည်း ရမှာဖြစ်ပြီး လိုင်စင်အတွက် ယဉ်စည်းကမ်းနှင့် ပတ်သက်ပြီး ဖြေဆိုရတာဖြစ်တဲ့တွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို နာလည်သဘောပေါက်သွားကြမှာဖြစ်တယ်လို့ ရေးပါတယ်။ စည်းကမ်းသတ်မှတ်လို့ မဝင်ရ ဧရိယာ သတ်မှတ်ပြီး တိတိကျကျနဲ့ ထိထိရောက် ရောက် အရေးယူဖို့တော့ လိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုတော့ဖမ်းဆီးတဲ့ အချိန်ပဲ မမောင်းကြဘဲ မရှိရင် ပြန်မောင်းနေကြတာက မဖြစ်သင့်သလို ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကိုလည်း ပြန်မပေးဘဲ ရဲစခန်းမှာ မိုးထဲရေထဲ နေပူထဲ ပစ်ထားတာက ဆိုင်ကယ်တွေ ပျက်စီးသွားလို့ ဘယ်သူမှ အသုံးပြုလို့ မရသလို အလဟဿ     ဖြစ်တဲ့ ငွေတွေအတွက်လည်း နှမြောဖို့ ကောင်းပါတယ်။

ဒါကြောင့် သွားလာရေးခက်ခဲတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ တရားဝင်လိုင်စင်ချထားပေးတဲ့ ဆိုင်ကယ်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်ကြားပေးပြီးဖြစ်တဲ့ လူလိုင်စင်ကို ခွင့်ပြုခဲ့မယ်ဆိုရင် တရားဝင် ဆိုင်ကယ်မှ အခွန်ဝင်ငွေရပြီး ယာဉ်စည်းကမ်းလိုက်နာမှုကြောင့် မတော်တဆဖြစ်ရတဲ့ ယာဉ်တိုက်မှု အန္တရာယ်ဖြစ်လို့ သေဆုံးဒဏ်ရာရမှုတွေ လျော့နည်းသွားမယ့် အချက်ကို တာဝန်ရှိသူ တွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုရေးသားထားတဲ့ စာကိုဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags