မာလာဂါကွင်းလယ်လူ ဖော်နေးစ်ကို ခေါ်ယူလိုက်ကြောင်း ဗီလာရီးယဲလ်အသင်း ကြေညာ

မာလာဂါကွင်းလယ်လူ ဖော်နေးစ်ကို ခေါ်ယူလိုက်ကြောင်း ဗီလာရီးယဲလ်အသင်း ကြေညာ
(ဓာတ်ပုံ - အီးပီအေ)

ဗီလာရီးယဲလ်အသင်းဟာ ပါပလို ဖော်နေးစ်ကို (၅)ရာသီ ခေါ်ယူ စာချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း လာလီဂါကလပ် အသင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် စပိန်ကစားသမား မာဂါလာအသင်းမှ ထွက်ခွင့် ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းကို ကိုယ်တိုင်ပေးချေခဲ့ရပြီး ကစားသမားဘဝ စတင်ရာ ဗီလာရီးယဲလ်အသင်ဆီ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဗီလာရီးယဲလ်မှာ တစ်ရာသီကစားခဲ့ပြီးနောက် ဖော်နေးစ်ဟာ ၂၀၁၅ ခုနှစ်မှာ မာလာဂါအသင်းဆီ ရောက်ရှိခဲ့ပြီး အသင်းအတွက် ပွဲ ၅၀ ကစားပြီး ရ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟ စပိန်ယူ-၂၁ အသင်းနဲ့ တစ်ပွဲကစားခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းနဲ့လည်း တစ်ပွဲကစားခဲ့ပါတယ်။

ဗီလာရီးယဲလ်ဟာ ပြီးခဲ့တဲ့ ရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ၂၆ မှတ်အကွာ ရမှတ် ၆၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required