အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်

အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ဇူလိုင် ၂၅ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ချက်တင်းနစ်မယ် ပလစ်ဆကိုဗာက ရမှတ် ၆,၈၅၅ ဖြင့် နံပါတ် ၁ နေရာကနေ ဦးဆောင်နေပါတယ်။

စပိန်မှ မူဂူရူဇာက နံပါတ် ၄ နေရာကို တက်ရောက်လာပြီး ယူကရိန်းမှ အလီနာ ဆဗီလီနာက ရမှတ် ၄,၉၃၅ ဖြင့် နံပါတ် ၅ နေရာကို ခုန်တက်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာမန်မှ အန်ဂျလီကေး ခါဘာဟာ ထိပ်ဆုံးနေရာကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် နံပါတ် ၂ နေရာက ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်ရဲ့ နောက် နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ပလစ်ဆကိုဗာ (ချက်) ၆,၈၅၅
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၆၇၀
၃) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၅,၉၇၅
၄) မူဂူရူဇာ (စပိန်) ၄,၉၉၀
၅) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၉၃၅
၆) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၇၈၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၇၅၀
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၅၀၀
၉)  ဗီနပ်စ်ဝီလျံ (အမေရိကန်) ရမှတ် ၄,၁၅၇
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၈၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required