အိမ်ထောင်စောစောပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆောင်ဂျွန်ကီရှင်းလင်းပြောဆို

အိမ်ထောင်စောစောပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆောင်ဂျွန်ကီရှင်းလင်းပြောဆို

ဇူလိုင် ၂၄ရက်နေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ သတင်းသမားများက မင်းသားဆောင်ဂျွန်ကီအား အခြားနာမည်ကြီး သရုပ်ဆောင်ကြယ်ပွင့်များထက် စောစောအိမ်ထောင်ပြုဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲဟု မေးမြန်းခဲ့ကြသည်။

ထိုမေးခွန်းကို ဆောင်ဂျွန်ကီက “ကျွန်တော် တစ်ချိန်ချိန်ကျရင်လည်း အိမ်ထောင်ပြုရမှာပဲလေ။ ပြီးတော့ အချို့ သော အရာတွေဟာ နာမည်ကြီးဖို့ထက် ပိုပြီးအရေးပါတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ သည်။

ဆက်လက်ပြီးသူက “ ပြီးတော့ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ ဆောင်းဟေကိုကြောင့်ပါ။ သူမကြောင့်ပဲ ကျွန်တော်ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်ခုလုံးကို သူမနဲ့အတူ ဖြတ်သန်းရမယ်ဆိုရင် တကယ့်ကိုပျော်ရွှင် ရမယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တာကြောင့်ပါ” ဟု ဖြေကြားခဲ့သည်။

ဒါ့အပြင် ဆောင်ဂျွန်ကီက သူ၏ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်သော မင်းသားချာတေးဟွမ်းကဲ့သို့ ဘဝနေထိုင်မှုပုံစံမျိုးကို လိုချင်ကြောင်း ပြောကြားခဲ့သည်။ သူက ချာတေးဟွမ်းကို ချီးကျူးခဲ့တဲ့အပြင် “ ကျွန်တော် သူ့ကို တကယ့်ကိုလေးစားပါတယ်။ သူဟာ မိသားစုကို ချစ်တတ်တဲ့သူမျိုးပါ” ဟု ပြောဆိုခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required