ပြည်​နယ်​နှင်​့တိုင်​း​ဒေသကြီးရှစ်​ခုတွင်​ ​ရေ​ဘေးသင်​့ပြည်​သူ​ပေါင်​း တစ်​သိန်​း​ကျော်​ရှိ​နေ

ပြည်​နယ်​နှင်​့တိုင်​း​ဒေသကြီးရှစ်​ခုတွင်​ ​ရေ​ဘေးသင်​့ပြည်​သူ​ပေါင်​း တစ်​သိန်​း​ကျော်​ရှိ​နေ
၂၀၁၅ သြဂုတ်လ ၃ ရက်က ကလေးမြို့ ရေနစ်မြှုပ်နေသည့်မြင်ကွင်းအား ဝေဟင်မှ မြင်ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်​ကုန်​၊ဇူလိုင်​၂၄ ။              ။ မြန်​မာနိုင်​ငံတွင်​ ယခုနှစ်​ ဇူလိုင်​လအတွင်​း ​မြစ်​​ရေကြီးမှုများ​ကြောင်​့ ပြည်​နယ်​တိုင်​း ၉ ခုတွင်​ ​ရေ​ဘေးသင့်​ပြည်​သူ​ပေါင်​း တစ်​သိန်​း​ကျော်​ရှိ​နေ​ကြောင်​း လူမှုဝန်​ထမ်​းကယ်​ဆယ်​​ရေးနှင်​့ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာန၏ ဇူလိုင်​၁ရက်​​နေ့မှ ဇူလိုင်​၂၃အထိ​ကောက်​ခံရရှိ​သော စာရင်​းများအရ သိရသည်​။

ဇူလိုင်လအတွင်း စစ်​ကိုင်​းတိုင်​း​ဒေသကြီး၊ မ​ကွေးတိုင်​း​ဒေသကြီး၊ ပဲခူတိုင်​း​ဒေသကြီး၊ ကရင်​ပြည်​နယ်​၊ ဧရာဝတီတိုင်​း​ဒေသကြီး၊ ရခိုင်​ပြည်​နယ်​၊ ပဲခူးတိုင်​း​ဒေသကြီးနှင်​့ မန္တ​လေးတိုင်​း​ဒေသကြီးမှ   ​နေပြည်​​တော်​​ကောင်​စီနယ်​​မြေတို့တွင် ​ရေကြီးမှုများ ဖြစ်​ပွားခဲ့သည်​။

"​ပြည်​နယ်​တိုင်​း ၈ခု​ပေါ့ ။ ချင်​းက​တော့ လူတစ်​​ယောက်​​သေထားတာရှိတယ်​ ။ ချင်​းပါထည့်​မယ်​ဆိုရင်​ပြည်​နယ်​နှင်​့တိုင်​း ၉ ခု​ပေါ့ ။ ချင်​းက​တော့ အိမ်​​​တွေဘာ​တွေ​ပြောင်​းတ​ာရွှေ့တာ​တွေ ၊ အဲဒီလိုစခန်​း​တွေ​တော့မဟုတ်​ဘူး"ဟု လူမှုဝန်​ထမ်​းကယ်​ဆယ်​​ရေးနှင်​့ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာနမှ ညွှန်​ကြား​ရေးမှူး​ဒေါ်ဖြူလဲ့လဲ့ထွန်​းက ​ပြောသည်​။

စစ်​ကိုင်​းတိုင်​း​ဒေသကြီးတွင်​ ​ရေ​ဘေးသင်​့အိမ်​​ထောင်​စု​ပေါင်​း(၅၀၈၁)ရှိပြီး ​ပြောင်​း​ရွှေ့ခဲ့ရသည်​့အိမ်​​ထောင်​စု(၅၀၈၁)နှင်​့ လူဦး​ရေ(၂၃၀၄၉)ရှိခဲ့သည်​။ မ​ကွေးတိုင်​း​ဒေသကြီးတွင်​ အိမ်​​ထောင်​စု​ပေါင်​း (၂၀၂၇၅)​နှင်​့ လူဦး​ရေ (၈၁၆၆၀)​ ဦး ရေ​ဘေးသင်​့ခဲ့သည်​။ ပဲခူးတိုင်​း​ဒေသကြီးတွင်​ အိမ်​​ထောင်​စု (၂၁၁၀)နှင်​့ လူဦး​ရေ(၇၆၈၃)​ ဦး ရေ​ဘေးသင်​့ဒဏ်​ကို ခံခဲ့ရသည်​။

ကရင်​ပြည်​နယ်​တွင်​ ယခုဇူလိုင်​လ၁၉ရက်​​နေ့၌ စတင်​​ရေ​ဘေးသင်​့ခဲ့ပြီး အိမ်​​ထောင်​စု(၄၉)စုနှင်​့ လူဦး​ရေ(၂၄၀)​ရေ​ဘေးသင်​့ခဲ့သည်​။

"ဧရာဝတီတိုင်​း​မှာဆိုရင်​ ၂၀ က စဖြစ်​တာ အိမ်​​ထောင်​စု(၁၂၇) လူဦး​ရေ(၄၇၀)။ ဒါ​ပေမယ်​့ ဧရာဝတီက အခုတိုးတယ်​။ တိုးတဲ့စာရင်​းကျွန်​မတို့ လုပ်​​နေတုန်းပါ "ဟု လူမှုဝန်​ထမ်​းကယ်​ဆယ်​​ရေးနှင်​့ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာနမှ ညွှန်​ကြား​ရေးမှူး​ဒေါ်ဖြူလဲ့လဲ့ထွန်​းက ​ပြောသည်​။

မွန်​ပြည်​နယ်​တွင်​ ​ရေ​ဘေးသင်​့အိမ်​​ထောင်​စု(၃၁)နှင်​့ လူဦး​ရေ(၃၀၇၉)ဦးရှိ​နေပြီး နေပြည်​​တော်​​ကောင်​စီနယ်​​မြေတွင်​ ဇူလိုင်​၂၁ရက်​​နေ့မှစ၍ ​ရေကြီး​ရေလျှံမှု ဖြစ်​ပွားခဲ့ရာ​ရေ​ဘေးသင်​့အိမ်​​ထောင်​စု(၇၁)စုနှင်​့ လူဦး​ရေ ၃၁၈ ဦးတို့ ရှိ​နေသည်​။ ရခိုင်​ပြည်​နယ်​ သံတွဲမြို့တွင်​ ဇူလိုင်​၂၃ရက်​​နေ့မှ ​ရေကြီး​ရေလျှံမှုစတင်​ဖြစ်​ပွားခဲ့သည်​။

ထို့​ကြောင်​့ ဇူလိုင်​လအတွင်​း ပြည်​နယ်​နှင်​့တိုင်​း၈ခုတွင်​ ​ရေ​ဘေးသင်​့ပြည်​သူ​ပေါင်​း ၁၁၆,၄၉၉ ဦးရှိ​နေပြီး ရေဘေးသင့် အိမ်​​ထောင်​စု​ပေါင်​း ၂၇,၇၄၄ ရှိ​နေသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required