မောင်တောမြို့နယ်၌ မသင်္ကာသူ ၃၁ ဦးအား ဖမ်းဆီးထိန်းသိမ်း

မောင်တောမြို့နယ်၌ မသင်္ကာသူ ၃၁ ဦးအား ဖမ်းဆီးထိန်းသိမ်း
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
 

ဇူလိုင် ၂၄ ။            ။ မောင်တောမြို့နယ်အတွင်း မသင်္ကာသူ ၃၁ ဦးကို ဇူလိုင် ၂၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မောင်တောမြို့နယ် နယ်မြေ (၆) ကျောက်လှေခါးကျေးရွာ၌ အကြမ်းဖက်အဖွဲ့ဝင်များ လျှို့ဝှက်အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စစ်ဆေးခဲ့ရာ အိမ်ထောင်စုစာရင်း သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် ၎င်းကျေးရွာနေ မသင်္ကာသူ ဆွေတာလောင် (၂၅ နှစ်) အပါအဝင် ၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးစဉ် ကျောက်လှေခါးကျေးရွာနေ အစ်မဖြစ်သူ ဆူရာဘေခေါင် နေအိမ်အတွင်းရောက်ရှိနေသည့် မသင်္ကာသူ ၃၁ ဦးအနက်မှ မင်္ဂလာကြီး ကျေးရွာနေ ဆာရာမောက် (၂၇ နှစ်)ကို စစ်ဆေးရာ အသွား တစ်ပေ နှစ်လက်မခန့်ရှိ ဓားဖြင့်ခုတ်ရန် ပြုမူသဖြင့် ၎င်းဓားနှင့်အတူ ဖမ်းဆီးခဲ့သည်။

ယင်းမသင်္ကာသူ ၃၁ ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly