မြန်မာအသင်း အာရှယူ-၂၃ ခြေစစ်ပွဲ မအောင်မြင်တော့

မြန်မာအသင်း အာရှယူ-၂၃ ခြေစစ်ပွဲ မအောင်မြင်တော့

မြန်မာယူ-၂၂ အသင်းမှာ ၂၀၁၈ အာရှယူ- ၂၃ခြေစစစ်ပွဲကို မအောင်မြင်ပဲ နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့် လွဲခဲ့ရပြီဖြစ်သည်။

မြန်မာအသင်းမှာ ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲတွင် သြစတြေးလျကို သုံးဂိုးပြတ်ရှုံးခဲ့ပြီးနောက် အကောင်းဆုံး အုပ်စုဒုတိယနေရာအတွက် ဂိုးကွာခြားချက်အရ လွဲချော်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းမှာ အကောင်းဆုံး အုပ်စုဒုတိယနေရာတစ်နေရာအတွက် မူလက အီရတ်နှင့်အပြိုင်ဖြစ်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် အီရတ်အသင်း ဆော်ဒီကို သုံးဂိုးပြတ်ရှုံးပါက ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိခဲ့သည်။ သို့သော် အီရတ်က ဆော်ဒီကို ၂ - ၀ ဂိုးဖြင့်အနိုင်ရကာ အုပ်စုဗိုလ်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ခြေစစ်ပွဲအောင်ခဲ့သည်။

မြန်မာအသင်းမှာ သြစတြေးလျအသင်းနှင့်ပွဲတွင် သရေ (သို့) တစ်ဂိုးနှင့်ကပ်ရှုံးပါက ခြေစစ်ပွဲအောင်နိုင်သော်လည်း သုံးဂိုးပြတ်ရှံုးခဲ့သဖြင့် နောက်ဆုံးအဆင့်နှင့်လွဲခဲ့ခြင်းဖြစ်သည်။

၂၀၁၈ အာရှယူ- ၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို အကောင်းဆုံး အုပ်စုဒုတိယအသင်းများအဖြစ် ထိုင်း၊ ဗီယက်နမ်၊ ပါလက်စတိုင်း ဂျပန်၊ ဂျော်ဒန်၊ ဆီရီးယားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required