ပဲခူးတိုင်းအတွင်း သဘာဝဘေးသင့် ပြည်သူများကို ထောက်ပံ့ကြေးပေးအပ်

ပဲခူးတိုင်းအတွင်း သဘာဝဘေးသင့် ပြည်သူများကို ထောက်ပံ့ကြေးပေးအပ်
ဓာတ်ပုံ ဝါဆိုဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြည်မြို့ရေဘေးအတွက် ထောက်ပံ့ငွေများ ကို ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပေးအပ်စဉ် ။

ပဲခူး၊ ဇူလိုင် ၂၃ ။           ။ သဘာဝဘေးဆိုးများကြံုတွေ့ခဲ့ရသည့်  ပဲခူးတိုင်းအတွင်းရှိ  ပြည်သူများအတွက် ထောက်ပံ့ကြေးငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်များတွင် ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

“ဖြစ်စဉ်အပေါ်မှာမူတည်ပြီး ထောက်ပံ့ပေးတယ်။ တစ်ယောက်ဖြစ်ရင် တစ်ယောက်စာရမယ်။ ဆယ်ယောက်ဖြစ်ရင် ဆယ်ယောက်စာရမယ်”ဟု ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဆိုသည်။

ဇူလိုင် ၁၂ ရက်မှ ဇူလိုင်၂၂ ရက်အထိ ဖြစ်ပွားခဲ့သော သဘာဝဘေးများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့၊ ပန်းတောင်းမြို့၊ ရွှေတောင်မြို့၊ သာယာဝတီခရိုင် မိုးညိုမြို့များရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းဖြစ်သည်။

ဇူလိုင် ၂၂ ရက်က မိုးညိုမြို့ရေဘေး အတွက် ၄၄၀၅၈၀၀ (လေးဆယ့်လေးသိန်းငါးထောင့် ရှစ်ရာ) ထောက်ပံ့ခဲ့သည်။ ဇူလိုင် ၂၃ ရက်က ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ ရေဘေးသင့်ပြည်သူများအတွက် ၃၅၀၀၇၀၀(သုံးဆယ့်ငါးသိန်း ခုနှစ်ရာ) ၊ ရွှေတောင်မြို့ ရေဘေး ၊ ကမ်းပြိုဘေး ၊ လေဘေး အတွက် ၉၉၂၀၃၀၀ (ကိုးဆယ့်ကိုးသိန်း နှစ်သောင်း သုံးရာ) ၊ ပန်းတောင်းမြို့ရေဘေး နှင့် ကမ်းပြိုဘေး အတွက် ရ၈၃၂၇၀၀ (ခုနှစ်ဆယ့် ရှစ်သိန်းသုံးသောင်း နှစ်ထောင့် ခုနှစ်ရာ) စုစုပေါင်း ငွေသားကျပ် ၂၅၆၅၉၅၀၀ (နှစ်ရာငါးဆယ့်ခြောက်သိန်း ငါးသောင်း ကိုးထောင့် ငါးရာ) ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ကြေးငွေများကို ဇူလိုင် ၂၂ ရက် ၂၃ ရက် ပဲခူးတိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ပဲခူးတိုင်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ပေးအပ်ခဲ့သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required