ဗင်နီဇွဲလားတွင် တရားသူကြီးအသစ်များကို ထောက်ခံသောချီတက်ပွဲများ၌ အကြမ်းဖက်မှုများဖြစ်ပွား

ဗင်နီဇွဲလားတွင် တရားသူကြီးအသစ်များကို ထောက်ခံသောချီတက်ပွဲများ၌ အကြမ်းဖက်မှုများဖြစ်ပွား

ကာရာကတ်စ်၊ ဇူလိုင် ၂၃ ။             ။ ဗင်နီဇွဲလားတွင် အတိုက်အခံများဦးဆောင်သော လွှတ်တော်တစ်ရပ်မှ ခန့်အပ်လိုက်သော တရားသူကြီး ၃၃ဦးကို ထောက်ခံသည့်အနေဖြင့် စနေနေ့က ပြုလုပ်ခဲ့သော ချီတက်ပွဲများ၌ ဆန္ဒပြသသူများနှင့် ရဲများ၊ စစ်သားများ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ အချင်းများခဲ့သောကြောင့် အကြမ်းဖက်လုပ်ရပ်များ လွှမ်းခြံုသော နေ့ရက်တစ်ရက် ထပ်မံဖြစ်ပွားခဲ့သည်။

ဗင်နီဇွဲလား၏ နိုင်ငံတော်အစောင့်တပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများကို အသုံးပြုပြီး ဆန္ဒပြသူများ ကို ဖြိုခွင်းခဲ့ရာတွင် သတင်းထောက်များအပါအဝင် လူရှစ်ယောက်ခန့် ဒဏ်ရာရရှိခဲ့ရသည်။

“ မနေ့ကတုန်းက ပြည်သူလူထုဟာ တရားသူကြီးအသစ်တွေကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ရာထူးအာဏာကို မတရား သိမ်းယူထားတဲ့သူတွေဟာ ရာဇဝတ်ကောင်တွေကို အလိုလိုက်အကြိုက်ဆောင်နေပါတယ်။ ဒါမှသာ သူတို့ဟာ ပြည်သူလူထုအပေါ် မကောင်းမှုတွေ ထပ်မံကျူးလွန်နိုင်မှာဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော်မှ ဒုဥက္ကဌဖြစ်သူ ဖရက်ဒီဂွေဗားရားက ဆန္ဒပြပွဲထဲ၌ ပူးပေါင်းပါ၀င်စဉ် ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများက ၄င်းတို့သည် သောကြာနေ့တုန်းက အမျိုးသားလွှတ်တော်မှ ရွေးချယ်ခန့်အပ်လိုက်သော တရားသူကြီး ၃၃ဦးကို ထောက်ခံသည့်အနေဖြင့် နိုင်ငံတော်တရားရုံချုပ်ဆီသို့ ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။

ဒါ့အပြင် အတိုက်အခံများသည် လွန်ခဲ့သော ၂၀၁၅က ခန့်အပ်ခဲ့သော တရားသူကြီးများသည် သမ္မတနစ်ကိုးလပ်မာဒူယိုအတွက် တာဝန်ထမ်းဆောင်ပေးနေကြကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။

လုံခြံုရေးတပ်ဖွဲ့များ၏ လက်ချက်ကြောင့် ဒဏ်ရာရရှိခဲ့သူအချို့သည်  တရားရုံးချုပ်သို့ ချီတက်သည့် ဆန္ဒပြပွဲ၌ ပူးပေါင်းပါ၀င်စဉ်တွင် ထိခိုက်မိခဲ့ခြင်းဖြစ်သည်။

လာရာပြည်နယ်အနောက်ပိုင်းရှိ ဘာကွီစီမိုတိုမြို့၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှာ အဆိုးရွားဆုံးဖြစ်ပြီး ထိုနေရာမှ ဒေသခံသတင်းထောက်တစ်ဦးကို လုံခြံုရေးတပ်ဖွဲ့များက  ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ ကြောင်း နိုင်ငံတော်သတင်းစာလုပ်သားများအဖွဲ့ SNTP ၏ အဆိုအရသိရသည်။

ထို့နောက်တွင် ပြီးခဲ့သော သောကြာနေ့က ရာထူးခန့်အပ်ခံခဲ့ရသော တရားသူကြီးများထဲမှ တစ်ဦးဖြစ်သော အိန်ဂျယ်ဇာပါကို ဗင်နီဇွဲလားလုံခြံုရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ပါလီမန်က ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ ဂျူလီယိုဘောဂတ်စ်၏အဆိုအရ ထိုတရားသူကြီးအသစ် ၃၃ဦးကို ဖမ်းဆီးရန် အမိန့်ထုတ်ထားကြကြောင်း သိရပြီး ထိုကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုးနိုးကြား ကြားနေကြရန် သူက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required