မန်စီးတီးနောက်ခံလူ ကိုလာရော့ဗ် ရိုးမားအသင်းသို့ ပြောင်းရွှေ့

မန်စီးတီးနောက်ခံလူ ကိုလာရော့ဗ် ရိုးမားအသင်းသို့ ပြောင်းရွှေ့

ဇူလိုင် ၂၃၊ အီတလီ ။            ။ မန်စီးတီးအသင်းမှ ဆားဘီးယားနောက်ခံကစားသမား ကိုလာရော့ဗ်သည် အီတလီထိပ်သီးကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ရိုးမားအသင်းသည် အသက် ၃၁ နှစ်အရွယ်ရှိ ကိုလာရော့ဗ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်းဖြင့် ၃ နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးအသင်းတွင် ရ နှစ်ကြာကစားခဲ့ပြီးနောက် ကိုလာရော့ဗ်သည် သူ၏ အသင်းဟောင်းလာဇီယို၏ မြို့ခံပြိုင်ဘက် ရိုးမားကို ပြောင်းရန် ရွေးချယ်ခဲ့သည်။

ကိုလာရော့ဗ်က ရိုးမားအသင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့်ပေးဆပ်မည်ဟု ဆိုသည်။

‘ကျွန်တော် ဒီနေရာမှာ လုံးဝပျော်ပါတယ်။ ရိုးမားအသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်သွားမှာပါ။ ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ အမြဲတမ်းတူတူပါပဲ။ အမြဲအနိုင်ရဖို့ပါ’ ဟု ကိုလာရော့ဗ်က ဆိုသည်။

ထို့အပြင် ဆားဘီယားခံစစ်မှူးက မန်စီးတီးအသင်းတွင် အဓိက ကစားသမားတစ်ဦးအဖြစ် အချိန်ကြာမြင့်စွာ ကစားခွင့်ရခဲ့သည့်အတွက် အံ့သြမိကြောင်းနှင့် ဂုဏ်ယူမိကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly