စတုခ်တိုက်စစ်မှူး အာနူတိုဗစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်စ်ဟမ်း ခေါ်ယူ

စတုခ်တိုက်စစ်မှူး အာနူတိုဗစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်စ်ဟမ်း ခေါ်ယူ

ဇူလိုင် ၂၃၊ အင်္ဂလန် ။          ။ ၀က်စ်ဟမ်းအသင်းသည် စတုခ်စီးတီးအသင်းမှ သြစတြီးယားတိုက်စစ်မှူး အာနူတိုဗစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အာနူတိုဗစ်နှင့် စာချုပ် ချုပ်ဆိုသည့်ပုံများနှင့် အာနူတိုဗစ်က ၀က်စ်ဟမ်းအသင်းဂျာစီကို ကိုင်ဆောင်ထားသည့်ပုံများကို အသင်း၏လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြခဲ့ပြီး အပြောင်းအရွှေ့ကို ၀က်စ်ဟမ်းအသင်းက အတည်ပြုခဲ့သည်။

အာနူတိုဗစ်သည် မန်စီးတီးနောက်ခံလူဇာဘလက်တာနှင့် ဂိုးသမားဂျိုးဟတ်တို့ပြီးနောက် ၀က်စ်ဟမ်းအသင်း၏ ခေါ်ယူအားဖြည့်မှုတစ်ခု ဖြစ်သည်။

အပြောင်းအရွှေ့ပြီးမြောက်သွားပြီးနောက်တွင် အာနူတိုဗစ်က ‘၀က်စ်ဟမ်းအသင်းဟာ ကြီးမားတဲ့ သမိုင်းကြောင်းရှိတဲ့ အသင်းကြီးတစ်သင်းဆိုတာ အားလုံးသိပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရလို့ ကျွန်တော်ပျော်ပါတယ်။ ၀က်စ်ဟမ်းမှာ စကစားဖို့ မစောင့်နိုင်တော့ပါဘူး’ ဟု ပြောသည်။

အသက် ၂၈ နှစ်အရွယ်ရှိ အာနူတိုဗစ်သည်  ၂၀၁၃ ခုနှစ်က ၀ါဒါဘရီမင်အသင်းမှ စတုခ်စီးတီးအသင်းသို့ ရောက်ရှိလာသူ ဖြစ်သည်။ စတုခ်စီးတီးတွင် ၁၄၅ ပွဲပါ၀င်ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူပေးခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required