လန်ဒန်တွင် ယခုနှစ်အတွင်း တစ်ပတ်လျှင် လူငယ်တစ်ဦးနှုန်း ဓားထိုးမှုဖြစ်ကာ သေဆုံးနေ

လန်ဒန်တွင် ယခုနှစ်အတွင်း တစ်ပတ်လျှင် လူငယ်တစ်ဦးနှုန်း ဓားထိုးမှုဖြစ်ကာ သေဆုံးနေ

လန်ဒန်၊ ဇူလိုင် ၂၂ ။                     ။ ယခုနှစ်အတွင်း လန်ဒန်၌ သီတင်းတစ်ပတ်လျှင် လူငယ်တစ်ဦးနှုန်းကျ ဓားထိုးခုတ်ခံရကာ သေဆုံးလျက်ရှိသည်။

ယင်းကြောင့် မြင့်တက်နေသော ထိုအကြမ်းဖက်တိုက်ခိုက်မှုများ ချုပ်ငြိမ်းရေးအတွက် အာဏာပိုင်များက နည်းလမ်းများ ကြံဆလျက်ရှိနေသည်။

၂၀၁၇ ခုနှစ် နှစ်စမှစကာ လန်ဒန်တွင် အသက် ၂၅ နှစ်အောက် လူငယ် ၂၇ ဦး ဓားခုတ်ခံရကာ သေဆုံးကြောင်း စီးတီးဟောလ်မှ အချက်အလက်များအရ သိရသည်။

ထိုစိုးရိမ်စရာနှုန်းထားတွင် သတင်းထွက်ပေါ်ခြင်းမရှိသည့် ဓားခုတ်မှုများ ပါဝင်ခြင်း မရှိသေးကြောင်း ပညာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Ben Kinsella Trust က ဂရင်းက ဆိုသည်။

ရဲမှတ်တမ်းအရ ပြီးခဲ့သည့်နှစ် ဧပြီမှ ယခုမတ်လအတွင်း ဓားထိုးခုတ်တိုက်ခိုက်မှုပေါင်း ၁၂၁၀၀ မှုဖြစ်ပွားပြီး ၄၄၀၀ ဦး သေဆုံးရာ ငါးနှစ်အတွင်း အမြင့်ဆုံးနှုန်းထားဟု သိရသည်။

"ဓားနဲ့တိုက်ခိုက်ခံရတဲ့ အများစုဟာ ရာသက်ပန်မသန်စွမ်းသူ၊ အမြဲထိတ်လန့်ကြောက်ရွံ့နေသူ၊ ဆိုးဆိုးဝါးဝါးဒုက္ခိတဖြစ်သူတွေအဖြစ် စိတ်ဒဏ်ရာရ ကျန်ရစ်တာ အများစုရှိပြီး အဲဒီမှာလည်း သတင်းမှတ်တမ်းမှတ်ရာထဲ မပါတဲ့ အမှုတွေလည်း အများအပြား ရှိပါတယ်။"ဟု ဂရင်းက အေအက်ဖ်ပီသို့ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags