ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား သြဂုတ်လတွင် ရုံတင်ပြသမည်

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား သြဂုတ်လတွင် ရုံတင်ပြသမည်

ရန်ကုန် ၊ ဇူလိုင် ၂၂ ။               ။ စိန်ဌေး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပုံဖော် ရိုက်ကူး ထားသည့် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လထဲတွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

စာရေးဆရာ သိန်းသန်းထွန်း ၏ မိုးတစ္ဆေ ဆိုသည့် ၀တ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည် ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပြီး ဇာတ်ညွှန်း အောင်ကြီး ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် သရုပ်ဆောင် ပြေတီဦး ၊ မြင့်မြတ် ၊ လိုင်လာခမ်း ၊ ပက်ထရစ်ရှာ နှင့် သရုပ်ဆောင် များစွာမှ ပါ၀င် ရိုက်ကူးထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးသည်  လူတွေ၏ ဘဝတွင် ကိုယ်ထင်သလို ကိုယ်ကြိုက်သလို ဖြစ်မလာသည့်အခါ ၊ ကိုယ်စီမံထားသလို ဖြစ်မလာသည့်အခါ မျိုးတွင် ရာဇဝင်ရိုင်းကြသည်လို့ သုံးနှုန်းတတ်ကြပြီး ကိုယ်စီမံ သည့် အတိုင်း ဖြစ်လာတာ ဘဝမဟုတ်လို လူ့ဘဝထဲ ထင်တိုင်းမဖြစ်သည့် ၊ မဖြစ်သင့် မဖြစ်ထိုက်သည့် အရာတွေ အားလုံး ဘယ်လို စိတ်အခြေအနေကြောင့် ဖြစ်သည်ဆိုတာကို ထို ရုပ်ရှင်ဇာတ်ကားထဲတွင် ရိုက်ပြ ထားသည်။

ရုပ်ရှင်ဇာတ်ကားတွင် ပါ၀င်သည့် ဇာတ်ကောင်များတွင် " ဦးမြင့်မိုရ် " အဖြစ် ပြေတီဦး ၊ " စင်သီယာ " အဖြစ် လိုင်လာခမ်း " ၊ ယိမ်းမြသာ " အဖြစ် ပက်ထရစ်ရှာ" ၊ မိုးစွေ " အဖြစ် မြင့်မြတ် တို့မှ အဓိက သရုပ်ဆောင် ထားကြသည်။

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား ကြီးကို သြဂုတ်လထဲတွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် ရုံတင်ပြသတော့မည်ဖြစ်ပြီး ပါ၀င်သည့် သရုပ်ဆောင်များ၏ အားပြိုင်မှုများကို ပရိသတ်များက မြင်တွေ့ကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly