တရုတ်တွင် ဘတ်စ်ကားနှင့် လော်ရီကား တိုက်မိပြီး ၁၁ ဦး သေဆုံး

တရုတ်တွင် ဘတ်စ်ကားနှင့် လော်ရီကား တိုက်မိပြီး ၁၁ ဦး သေဆုံး

ဇူလိုင် ၂၂ ။                 ။ တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ လော်ရီကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားလို့ လူပေါင်း ၁၁ ဦး သေဆုံးပြီး အခြား ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

လူ ၁၉ ဦးလိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ လော်ရီကားတစ်စီးတို့ Zhangjiakou မြို့ အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ခုလို တိုက်မိခဲ့တာဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေအနက်ကလည်း တစ်ဦး အခြေအနေ အလွန်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ယာဉ်နှစ်စီးစလုံးက ဒရိုင်ဘာတွေကိုတော့ ရဲအစောင့်အကြပ်နဲ့အတူ ဆေးရုံတင်ပို့ပေးထားပြီး ယာဉ်တိုက်မှု ဖြစ်ရခြင်းရဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ခုလို လူသေဆုံးစေတဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေ တရုတ်မှာ မကြာခဏဆိုသလို ဖြစ်နေခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ လမ်းစည်းကမ်းတွေကို လိုက်နာမှုပိုင်းမှာတော့ လျော့ရဲနေခဲ့ကြောင်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required