ငယ်ငယ်ကတည်းက ကြိုက်ခဲ့လို့ ဒီဘဝကို ရွေးချယ်တာဆိုတဲ့ ဟန်နေလွင်လွင်

ငယ်ငယ်ကတည်းက ကြိုက်ခဲ့လို့ ဒီဘဝကို ရွေးချယ်တာဆိုတဲ့ ဟန်နေလွင်လွင်

အဆိုတော် ဟန်နေလွင်လွင် နှင့်တွေ ့ဆုံခြင်း  အပိုင်း(၁)

အဆိုတော်ရင်ဂိုမှာ အနုပညာမှာ အမွေဆက်ခံတဲ့ သမီးတစ်ယောက် ရှိနေပါသေးတယ်။ သူကတော့ ဟန်နေလွင်လွင်ပါ။ သူကလည်း  ကိုယ်ပိုင် Band နဲ့ သီချင်းတွေကို သီဆိုနေသူတစ်ဦးဆိုရင်လည်း မမှားပါဘူး ။ သူက သီချင်းအဆို ပိုင်နိုင်ရုံမက ကိုယ်တိုင်ပါတီးခတ်နိုင်တဲ့   အမျိုးသမီး ဂစ်တာသမားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Lead ဂစ်တာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူ တစ်ဦးပါ။  ဟန်နေလွင်လွင်နဲ့ မဇ္ဈိမက တွေ့ဆုံပြီး သူ့ဘဝ ဖြတ်သန်းမှု၊ သူ့ဂီတအနုပညာ၊ သူ့သီချင်းခွေ အကြောင်း မေးမြန်းထားပါတယ်။

မေး ။ ပထမဆုံး မေးချင်တာလေးက ဒီ Band လေးဖွ ဲ့ဖြစ်သွားတဲ ့အကြောင်းနဲ ့ ဒီအခွေလေး ထွက်ဖြစ်တဲ ့အကြောင်းလေးအရင်ဆုံးသိချင်ပါတယ်။

ဖြေ။ ဟုတ် အခွေစထွက်ဖြစ်တဲ ့အကြောင်းကနေပြောမယ်နော်။ အရင်တုန်းက Academy Of Rock စင်ကာပူမှာ Guitar Instructor အနေနဲ ့ အလုပ်လုပ်တာပါ  ။ အရင်တုန်းကတည်းက Music College ကနေပြီးလာတာဆိုတော့ အခွေက အမြဲလုပ်ချင်တယ် ။ စင်ကာပူမှာ နေခဲ့တာဆိုတော့ဒီမှာနဲ ့ ဝေးနေတော့ မလုပ်ဖြစ်တာပဲရှိနေတော့ သီချင်းလေးတွေစုထားပြီး ဒီကိုခဏလာတုန်း သွင်းဖြစ်တာ။ နောက်ဒီကို အပြီးပြန်လာဖြစ်တော့ အခွေမြန်မြန်ထွက်ချင်တာနဲ ့ EP Album ဆိုပြီးတော့ ဧပြီလတုန်းက ထွက်ဖြစ်ပါတယ် ။ အခွေထဲ မှာခူးခူးရယ် ကိုကျားပေါက်ရယ် Big-Bag Member တွေရယ် Dahlila Yusof ရယ် ကူပြီးတော့တီးဖြစ်ထားတာ။ အခွေလည်းထွက်ပြီးတော့ Live Performance တွေ လုပ်ရတော့မယ်ဆိုတော့ Hannay and the Zens ဆိုတဲ ့ ဒီ Band လေးဖွဲ ့ ဖြစ်သွားတာပါ။

မေး - ဒီမြန်မာပြည်မှာက အမျိုးသမီး ဂစ်တာသမားလည်း ရှားတယ် ။ နောက် ဂစ်တာတီးပြီး Rock သီချင်းဆိုတဲ့သူဆို အင်မတန်ရှားတော့ဒီလို ဂစ်တာသမား အဆိုတော်တစ်ယောက်အဖြစ် ဘာကြောင့်ရွေးချယ်ခဲ့ရတယ်ဆိုတာလည်း သိချင်ပါတယ်။

ဖြေ ။ ဘာဖြစ်လို ့ရွေးချယ်ခဲ့လဲဆိုတော့ ငယ်ငယ်ထဲက ကြိုက်ခဲ့တာရယ်၊ ကောလိပ် တက်နေတုန်းကတည်းက သူငယ်ချင်းတွေနဲ ့ Rock သီချင်းတွေနားထောင်ရင်း သဘောကျတယ် ။ အဲလိုကနေ အဲလိုဖြစ်သွားတာပါ။

မေး ။ စင်ကာပူမှာ အရင်တုန်းက Academy Of Rock သင်တန်းကျောင်းမှာ နည်းပြတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတော့ အဲဒီတုန်းက အတွေ ့အကြံုလေးတွေပြောပြပါဦး ။

ဖြေ ။ စင်ကာပူမှာ Guitar Instructor လုပ်တာဆိုတော့ နေ ့တိုင်းတော့ Music နဲ ့အထိတွေ ့ ရှိနေတာပေါ့နော် ။ အဓိက Academy Of Rock ရဲ့ ဆောင်ပုဒ်က Never Too Early / Never Too Late ဆိုတော့  အသက ်၅ နှစ်ငယ်ငယ်လေးတွေကအစ ဟိုးပင်စင်စား အသက်အရွယ်အမျိုးမျိုး သင်ရတယ်ဆိုတော့ အတွေ ့အကြံုတွေတော့ အများကြီးရှိပါတယ်။

မေး ။အခွေလေးရဲ ့အကြောင်းကိုပြန်မေးရရင် ဖြန့်ချိဖြစ်ခဲ ့တာတွေ သီချင်းအမျိုးအစားတွေရော ၊ နောက် သီချင်းတွေရေးပေးတဲ ့တေးရေးဆရာတွေရော သိချင်ပါတယ်။

ဖြေ ။အခွေနာမည်က Summer of 17 ပါ။ ဟန်နေလွင်လွင်ရဲ ့Summer of 17 ပါ သီချင်းက ၆ပုဒ်ပါ။  အမျိုးအစားကတော့ ့ Rock တွေပေါ့ ။ တေးရေးပေးတာ ဦးခူဆဲ၊ ဦးနောင်နောင်ဆန်းဖလးဝါး ပါတယ်၊ ကိုကျားပေါက်၊ ခူခူးရယ် နောက် ကိုကြည်ဆွေတင် ဆိုတာပါတယ်။ ၆ ပုဒ်တည်းနဲ ့ဘာလို ့     ထွက်ဖြစ်တာလဲဆိုတော့ အမှန်တော့ အခွေလုပ်ချင်နေတာကြာပြီဆိုတော့ စိတ်မရှည်လို့ပါ။ ဟိုကျောင်းတက်တုန်းကလည်း ကျောင်းအလုပ်တွေနဲ ့မို့၊ နောက်ငယ်ငယ်လေးတည်းက Music လုပ်မလာခဲ့တော့ သူများထက် ပိုကြိုးစားခဲ့ရတယ် ။အဲဒီတော့ အခွေဖက် မလှည့်နိုင်တော့ဘူး ။ ခု သီချင်းတွေစုပြီး ၆ ပုဒ်ရတော့ EP album ထုတ်လိုက်တာပါ။ ဘယ်မှာဝယ်လို့ရလဲဆိုတော့ ဖြန့်တဲ့နေရာက Spotify ရှိမယ်၊ I tunes music store၊ Google playstore အဲ့မှာတော့ Internationally ပေါ့။ အဓိက မြန်မြန်နားထောင်ချင်တယ်ဆိုရင်တော့ youtube သွားလို့ရတယ် မြန်မာပြည်မှာဆိုရင်တော့။ ပြီးရင် Hannay and the Zens ဆိုတဲ့ Facebook page မှာ၊ နောက် Hannay Lwin Lwin ဆိုတဲ့ Facebook page မှာရော အဲ့မှာ သီချင်းနားထောင်လို့ရပါတယ်။

မေး။ ဒီအခွေမှာ အဓိကဆိုတဲ ့အပိုင်းလေးတွေကိုရော အဖေတစ်ယောက်အနေနဲ ့ ကိုရင်ဂိုဆီကနေ ပညာယူခဲ ့တာတွေရှိသလား သိချင်ပါတယ်။

ဖြေ - ရှိပါတယ် ။ ဖေဖေ့သီချင်းတစ်ပုဒ်ပါတယ် ။ မစ္ဆရိယဂီတဆိုတာ ဖေဖေ့သီချင်း ဦးနောင်နောင်ဆန်းဖလားဝါး ရေးထားတာပါ ။ Version အသစ်နဲ ့ဆိုထားတာပါ ။ အဲထဲက တစ်လိုင်းမှာတောင် ဖေဖေ့ အသံပါသေးတယ် ။အဲတုန်းက စင်ကာပူမှာ အလုပ်လုပ်နေတုန်း ဒီကို တစ်ပတ်လောက်ပြန်လာတုန်း ။ အမြန်ပေါ့ ။ သွားသွင်းဖြစ်လိုက်တုန်း ဖေဖေက Guide လုပ်ပေးလိုက်၊ ကိုကျားပေါက်က Guide လုပ်ပေးလိုက်ပေါ ့။ ဒီခွေထဲ မှာ Mastering နဲ ့ Mixing ကိုတော့ ကိုရဲဇော်မျိုး ၊ Big-Bag ရဲ ့ Bass Guitarသမားပေါ ့။ သူကလုပ်ပေးတယ်။ အသံသွင်းတာတော့ စုံနေတာပဲ ။ Home Studio ရော ၊ပင်လယ် Studio ရော၊ ကိုကျားပေါက်အိမ်မှာရော ကိုရဲဇော်မျိုးအိမ်မှာရောပဲ ။

မေး။ Music Arrangement ရော ဘယ်သူတွေလုပ်ပေးလဲ။

ဖြေ ။ Arrangement က ကိုကျားပေါက်ရယ် ၊ ခူခူးရယ် Big-Bag Member တွေနဲ ့ပါ။

မေး ။ ဒီမြန်မာပြည်မှာ ခူခူးတို့လို ဂစ်တာတီးပြီးသီချင်းဆိုချင်တဲ ့ လူငယ်အမျိုးသမီးတေးသံရှင် အသစ်လေးတွေ ရှိမှာပဲလေ ။ သူတို့က လက်တွဲဖို ့ဖိတ်ခေါ်လာရင်ရောသူတို ့ကို ဘာများပြောချင်ပါလဲ။

ဖြေ ။ ဖိတ်ခေါ်လာရင်တော့ ကောင်းတာပေါ့ ။ ဘယ်လိုဖြစ်ဖြစ်ပါ။

မေး။  ဂစ်တာစသင်ဖြစ်တော့ အရင်ဆုံးဆရာတွေရယ် နောက်ဘာတွေလေ့ကျင့်ခဲ့လဲ။ .အခုရော ဘာတွေတီးနေလဲ ။ အဲဒါလေးလဲ သိချင်ပါတယ်၊

ဖြေ ။ ဂစ်တာစသင်ဖြစ်တာ ဂီတမိတ်က ဆရာ ဖရန် ့စစ် နဲ ့ Classical သင်ဖြစ်တယ် ။ ခဏပေါ ့ ABRSM Theroy Exam လုပ်နေတုန်းကပေါ ့။ နောက် ဆရာကိုစိုင်းဆီမှာလည်း ခဏသင်ဖြစ်တယ်။   နောက် စင်ကာပူရောက်တော့မှ LASALLE Collage Of Art က ဆရာတွေနဲ ့သင်ဖြစ်ပါတယ် ။ အဲ ့ တုန်းက ဘာတွေတီးလဲဆိုတော့  Rock ကို ကြိုက်တော့ ထုံးစံအတိုင်း Rock Guitarist တွေ ACDC တို့၊ Led Zeppelin တို ့ ၊ QUEEN တို ့ လိုက်ကူးပြီးတီးဖြစ်တယ်။ အဲဒီတုန်းက Practice တွေ အများကြီးလုပ်ဖြစ်တယ် ။ ခုတော့ Practice ကတော့ လျှော့သွားပြီ ။ ခုတော့ Creative အပိုင်းကို ရောက်သွားပြီ။ ခုဟာတော့ သီချင်းတစ်ပုဒ် သူဘယ်လိုလေးရေးထားတယ် ။ ဒီနေရာကတော့ ဘယ်လိုလေးလုပ်လိုက်တယ် ကိုယ့်ဟာကိုပဲ Creative အပိုင်းကို Practice လုပ်ဖြစ်ပါတယ်.. ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly