တရုတ်ကို မလာဖို့ ဂျက်စတင်ဘီဘာ တားမြစ်ခံရ

တရုတ်ကို မလာဖို့ ဂျက်စတင်ဘီဘာ တားမြစ်ခံရ

ဇူလိုင် ၂၂ ။                      ။ နာမည်ကြီး ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ မိမိတို့နိုင်ငံမှာ လာပြီး မဖျော်ဖြေဖို့ တရုတ်အာဏာပိုင်တွေက တားမြစ်ချက် ထုတ်လိုက်ပါတယ်။

၎င်းရဲ့ စင်ပေါ်စင်အောက် ဆိုးရွားတဲ့ အပြုအမူတွေကြောင့် ခုလို တရုတ်ပြည်မကြီးကို လာပြီး ဖျော်ဖြေတာတွေ မလုပ်ဖို့ တားမြစ်တာဖြစ်ကြောင်း ပေကျင်းအစိုးရက ပြောပါတယ်။

မိမိတို့ နိုင်ငံရဲ့ ဖျော်ဖြေရေးကဏ္ဍ သန့်စင်ရှင်းလင်းနေအောင် လုပ်ဖို့ လိုတာကြောင့် ခု ပိတ်ပင်ချက်ထုတ်လိုက်တာဖြစ်ကြောင်း ပေကျင်းမြို့ ယဉ်ကျေးမှု ဗျူရိုက ထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ခုပိတ်ပင်ချက်ဟာ အမြဲတမ်းအတွက် ထုတ်ထားတာမဟုတ်ကြောင်း၊ ဂျက်စတင်ဘီဘာအနေနဲ့  ၎င်းရဲ့ အပြုအမှုနေပုံထိုင်ပုံကို ပြင်ဆင်လာတာမျိုး ရှိလာမယ်ဆိုရင်တော့ တားမြစ်ချက်ကို ပြန်ရုတ်သိမ်းနိုင်ကြောင်း ယင်းက တစ်ဆက်တည်းမှာပဲ ထုတ်ပြန်ခဲ့ပါသေးတယ်။

အသက် ၂၃ နှစ်အရွယ် ကနေဒါ တေးရေးတေးဆိုဟာ အရက်သောက်ပြီး ကားမောင်းမှုနဲ့ပါ စွပ်စွဲခံထားရပါသေးတယ်။

ဂျက်စတင်ဘီဘာအနေနဲ့ ခုလို ပိတ်ပင်ခံရမှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခြား ဗြိတိန်အောတာနေးတစ်ရော့ခ်အဖွဲ့ Placebo နဲ့ စာရင် ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဆိုပါ ရော့ခ်တီးဝိုင်းဟာဆိုရင် စက်တင်ဘာမှာ ပြုလုပ်မယ့် ပွဲကို ဖျက်ပေးခဲ့ရသလို ပေကျင်းအစိုးရမလိုလားတဲ့ ဒလိုင်းလားမား ပုံ တင်ခဲ့မိတာကြောင့် တရုတ်မှာ ဘယ်တော့မှ လာပြီးမဖျော်ဖြေဖို့ တားမြစ်ခံခဲ့ရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags