အိပ်မက်ဆုံရာ DREAMS COME TRUE Music CONCERT ကျင်းပ ပြုလုပ်မည်

အိပ်မက်ဆုံရာ DREAMS COME TRUE Music CONCERT ကျင်းပ ပြုလုပ်မည်

ရန်ကုန် ၊ ဇူလိုင် ၂၁ ။         ။ အိပ်မက်ဆုံရာ DREAMS COME TRUE Music CONCERT ကို သြဂုတ်လ ၅ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာအီဗန့်ပက်ခ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါပွဲသည် အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲမှ တေးသံရှင်များ အတွက် ကျင်းပပြုလုပ်သည့် ဂီတဖျော်ဖြေပွဲ တစ်ခုဖြစ်ပြီး Winner ရရှိပြီး ပရိသတ် အားပေးမှုရရှိခဲ့ကြသည့် အဆိုရှင်များမှ ပါ၀င် သီဆို ဖျော်ဖြေကြမည် ဖြစ်သည်။

ပါ၀င်ဖျော်ဖြကြမည့်သူများမှာ အိပ်မက်ဆုံရာ-ရာသက်ပန် (Season 5 ) မှ တေးသံရှင် ထက်အိမ် ၊ အိပ်မက်ဆုံရာ - ရာသက်ပန် (Season 3) မှ Lue Lu ၊  အိပ်မက်ဆုံရာ - ရာသက်ပန် (Season 1) ၏ သားဂန်း ၊ အိပ်မက်ဆုံရာ(Season 8) မှ ဆုထက်လှိုင် ၊ အိပ်မက်ဆုံရာ(Season 6)  လွန်းဇောင်း ၊ အိပ်မက်ဆုံရာ (Season 4) နန့်ချစ်နဒီဇော် ၊ အိပ်မက်ဆုံရာ(Season 9) မှာ မိုးဇန် ၊ အိပ်မက်ဆုံရာ (Season 8) Leo ၊ အိပ်မက်ဆုံရာ-ရာသက်ပန်(Season 1) Jenevy ၊ အိပ်မက်ဆုံရာ(Season 4) ထက်အောင် ၊ အိပ်မက်ဆုံရာ (Season-4) ၀ိုင်းလေး ၊ အိပ်မက်ဆုံရာ Season (5) အောင်မြင့်မြတ် ၊ အိပ်မက်ဆုံရာ-ရာသက်ပန်(Season 5) မိုးသောက် ၊ အိပ်​မက်​ဆုံရာ - ရာသက်​ပန်​ (Season-1) အောင်ထက် ၊ အိပ်မက်ဆုံရာ-ရာသက်ပန်(Season 3) လဖိုင်နန်ရော် တို့ ပါ၀င် ဖျော်ဖြေကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly